Connect with us

Latin America

အာဂျင်တီးနားနိုင်ငံ၌ တရုတ်ဘာသာနှင့်တရုတ်ယဉ်ကျေးမှုစိတ်ဝင်စားလေ့လာလိုသူ တိုးတက်လာ

”အာဂျင်တီးနားနိုင်ငံ G-20 အစည်းအဝေးမှကြိုဆိုပါသည်” ဟုတရုတ်ဘာသာဖြင့်ရေးထား သောစာတန်းပါ စာရွက်များကိုကိုင်ဆောင်ထားကြသောဗျူနိုအေးရိစ်မြို့တက္ကသိုလ် မှ ကွန်ဖြူးရှပ်ဌာန မှကျောင်းသားများကိုတွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဗျူနိုအေးရိစ်၊ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့တက္ကသိုလ် မှ ကွန်ဖြူးရှပ်ဌာန၏တွဲဘက်ညွှန်ကြားရေးမှူးဖြစ်သူ ပက်ထရီစီယို ကိုနီဂျီရို က အာဂျင်တီးနားနိုင်ငံတွင်လွန်ခဲ့သည့်နှစ်များအတွင်းတရုတ်ဘာသာလေ့လာ မှုကအထူးသဖြင့် လူငယ်များအတွင်းတိုးတက်လာသည်ကိုတွေ့ရ၍ အထူးပင်ကြည်နူးဝမ်းမြောက် ရ ပါကြောင်း ပြောကြားသွားခဲ့သည်။

ကိုနီဂျီရို က “ဒီနှစ်ဆိုရင်အဆင့် ၁၄ ခုရှိတဲ့တရုတ်ဘာသာလေ့လာဖို့အတွက်သင်တန်းတွေမှာ ကျောင်း သားစုစုပေါင်း ၂,၀၀၀ ခန့်စာရင်းပေးခဲ့ကြတယ် “ဟုပြောကြားခဲ့သည်။ ဗျူနိုအေးရိစ်မြို့တက္ကသိုလ်တွင် ကွန်ဖြူးရှပ်ဌာနကို၂၀၀၉ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ရာယခုဆိုလျှင်ဆယ်နှစ်ပြည့်အမှတ်တရအခမ်း အနားများကျင်းပနိုင်ရန် ပြင်ဆင်နေပြီဖြစ်သည်။ အာဂျင်တီးနားပြည်သူ အများအပြားကလည်း အဆိုပါ ဌာနက တရုတ်နိုင်ငံနှင့် အပြန်အလှန်ဖလှယ်မှုများ ပြုလုပ်ရာ၌ ယဉ်ကျေးမှုပိုင်းဆိုင်ရာကို ကိုယ်စားပြု သည်ဟုယုံကြည်ကြသည်။ ကွန်ဖြူးရှပ်ဌာနအနေဖြင့် ၂၀၁၄ ခုနှစ်တွင် အာဂျင်တီးနား-တရုတ် ဆက် ဆံရေးကို ပြည့်စုံသောမဟာဗျူဟာစီးပွားမိတ်ဖက်အဆင့်သို့ရောက်အောင် မြှင့်တင်ရာတွင်လည်း ကူ ညီမှုပြုလျက်ရှိသည်။

ဗျူနိုအေးရိစ်မြို့တက္ကသိုလ်၊ကွန်ဖြူးရှပ်ဌာန ကသင်တန်းတက်ရောက်နေသော အာဂျင်တီးနားကျောင်း သားများ၏တရုတ်ဘာသာစကားကျွမ်းကျင်မှုကိုဆန်းစစ်ရန် ၂၀၁၁ ခုနှစ်မှစ၍စာမေးပွဲများစစ်ဆေးခဲ့ပြီး အာဂျင်တီးနားကျောင်းသားများအား တရုတ်နိုင်ငံတွင် လေ့လာမှုများဆက်လက်ပြုလုပ်ရန် ပညာတော် သင်ဆုများပေးရေးကတိပြုခဲ့သည်။ ကွဲပြားခြားနားသည့်အဆင့်အမျိုးမျိုးတွင်စစ်ဆေးခဲ့သည့် စာမေးပွဲ ပေါင်း ၆၀၀ ရှိကြောင်း ကိုနီဂျီရို ကပြောခဲ့သည်။

အာဂျင်တီးနားနိုင်ငံကဗျူနိုအေးရိစ်မြို့တောင်ဘက်၊ကီလိုမီတာ ၆၀ အကွာရှိ လာပလာတာတက္ကသိုလ် တွင်လည်း နိုင်ငံ၏ဒုတိယမြောက်ကွန်ဖြူးရှပ်ဌာနကို ၂၀၀၉ ခုနှစ်တွင်ထပ်မံဖွင့်လှစ်နိုင်ခဲ့သည်။ ယခုအ ခါတောင်အမေရိကတိုက်တွင်တရုတ်ဘာသာစကားသင်ကြားရေးအစီအစဉ်နှင့်တရုတ်ယဉ်ကျေးမှုဆိုင် ရာသင်တန်းများကိုပို့ချရန် ကွန်ဖြူးရှပ်ဌာန ၅၀ ကျော်နှင့် စာသင်ခန်းများရှိနေပြီဖြစ်သည်။ အာဂျင်တီး နားနိုင်ငံ၏ မြို့ကြီးများတွင်လည်း တရုတ်ဘာသာစကားနှင့်တရုတ်ယဉ်ကျေးမှုကိုစိတ်ဝင်စားသိရှိလိုသူ များပြားလာကြောင်း လေ့လာတွေ့ရှိရပေသည်။(Xinhua)