Connect with us

Latin America

ဘရာဇီးတွင် မောင်းသူမဲ့လေယာဉ်(ဒရုန်း) အသုံးပြု၍ ဇီကာဗိုင်းရပ်စ် အား နှိမ်နှင်းမည်

မောင်းသူမဲ့လေယာဉ် (ဒရုန်း) တစ်စီးအား မြင်တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ)

ရီယိုဒီဂျန်နိုင်းရို၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံရှိ မြို့အများအပြားတွင် မောင်းသူမဲ့လေယာဉ် (ဒရုန်း) အသုံးပြု၍ ဇီကာဗိုင်းရပ်စ်၊ သွေးလွန် တုပ်ကွေး အစရှိသည့်ရောဂါတို့ကို ပြန့်ပွားစေသော အေးဒီးစ် ခြင်ပေါက်ဖွားနိုင်သည့် နေရာများကို ရှာဖွေဖျက်ဆီး သွားမည်ဖြစ်ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ ၏ အကြီးဆုံးမြို့ဖြစ်သည့် Sao Paulo မြို့ရှိ နေအိမ်များပေါ်တွင် ဒရုန်းများပျံဝဲကာ ခြင်များ ရှိနေနိုင်သည့် ဥယျာဉ်၊ ဝရန်တာခေါင်မိုးများ နှင့် ၎င်းတို့ပေါက်ဖွားနိုင်သည့် အခြား နေရာများကို စောင့်ကြည့် လေ့လာခဲ့ကြောင်းသိရသည်။

ဖယ်ဒရယ် အစိုးရသည် ဘရာဇီးနိုင်ငံ တစ်လျှောက် ရှိ အိမ်ခြေ သန်း ၆၀ ခန့်အား ထိုသို့ လုပ်ဆောင်ပေးသွားရန် မျှော်မှန်းထားကြောင်း သိရသည်။

စစ်တပ် နှင့် အရပ်ဖက်များ ပါဝင်သည့် အသင်းများသည် ဒေသ၏ ၄၀ရာခိုင်နှုန်း ဖြစ်သည့် လူနေအိမ်၊ စီးပွားရေးနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံ ၂၇.၅သန်းတွင် ဒရုန်းဖြင့် ခြင်နှိမ်နင်းရေး လုပ်ငန်းများ လုပ်ဆောင်ပေးပြီးဖြစ်ကြောင်း အစိုးရကပြောကြားခဲ့သည်။

သို့သော်လည်း အချို့သော အဆောက်အအုံများနှင့် နေရာများတွင် ဒရုန်းဖြင့် စစ်ဆေးရန် ခွင့်ပြုချက်များ လိုအပ်နေသေးကြောင်း သိရသည်။

အနောက်အလယ်ပိုင်း ပြည်နယ် Mato Grosso ၏ ဥပဒေပြုလွှတ်တော် က မြို့တော်များတွင် ခြင်ရှာဖွေရေး အတွက် ဒရုန်းအသုံးပြုခွင့် ဥပဒေကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။

ကင်မရာတပ်ဆင်ထားသည့် ဒရုန်းလေယာဉ်များသည် ဝေဟင်မှနေ၍ မောင်းနှင်သူထံသို့ ခြင်ပေါက်ဖွားနိုင်ခြေ ရှိသည့် နေရာများအား သတင်းပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ နှင့် ကိုလံဘီယာနိုင်ငံတို့တွင် ဦးနှောက်သေရောဂါ ဖြစ်ပွားမှုမြင့်တက်လာခြင်းသည် ဇီကာ ဗိုင်းရပ်စ်ပိုး နှင့် ဆက်စပ်နိုင်ခြေရှိသော်လည်း ဆေးပညာသုတေသီ များက ထိုသို့ဆက်စပ်မှု ရှိကြောင်းကို အတည်ပြုနိုင်ရန် အချက်အလက်များပိုမိုလိုအပ်နေသေးကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.