Connect with us

Latin America

ဘရာဇီးဗဟိုဘဏ်မှ အိုလံပစ်အထိမ်းအမှတ်အကြွေစေ့ထုတ်ဝေ

ဘရာဇီးဗဟိုဘဏ်မှထုတ်လုပ်သော အိုလံပစ်အထိမ်းအမှတ်အကြွေစေ့အားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးယိုး ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးယိုး ရှိ ဘရာဇီးဗဟိုဘဏ်တွင် ၂ဝ၁၆ ဘရာဇီး အိုလံပစ်နှင့် မသန်စွမ်းအားကစား ပြိုင်ပွဲ တို့ အား ဂုဏ်ပြုသည့်အထိမ်းအမှတ်အဖြစ် အကြွေစေ့ အမျိုးအစား၉မျိုး ၄ စုံ ကို ထုတ်လုပ်ခဲ့သည်။

အိုလံပစ်ပြိုင်ပွဲများကို ကြိုဆိုဂုဏ်ပြုသည့်အထိမ်းအမှတ် အကြွေစေ့ထုတ်ဝေခြင်းကို ဘီစီ ၄၈ဝ ခန့်ကတည်းက ပေါ်ပေါက်ခဲ့ပြီး ခေတ်ပေါ်ပြိုင်ပွဲများတွင် ၁၉၅၁ စတင်၍ အထိမ်းအမှတ်ပြုထုတ်လုပ်ခဲ့ကြသည်။ ဘရာဇီးတွင် ရွေရောင် အကြွေစေ့တစ်စေ့၊ ငွေရောင်အကြွေစေ့ (၄) စေ့နှင့် နေ့စဉ်သုံးငွေရောင်အကြွေစေ့လေးစေ့ကို ထုတ်လုပ် ခဲ့ခြင်းဖြစ်သည်။

ရီယို ၂ဝ၁၆ ပြိုင်ပွဲတွင် တာဝန်ရှိသူ Agemar Santos က “ အကြွေစေ့ တစ်စေ့ချင်းစီက လူ့အဖွဲ့အစည်းနှင့်လူသားတစ်ယောက်ချင်းစီကိုကိုယ်စားပြုပါတယ်။ နိုင်ငံ၏ အကြီးမားဆုံး ပိုင်ဆိုင်မှု ကတော့ အဲဒီနိုင်ငံရဲ့ ငွေကြေးပဲ ဖြစ်ပါတယ်။ အိုလံပစ်အားကစားပြိုင်ပွဲ ဦးဆောင်ကျင်းပရေးကော်မတီအနေဖြင့် ကျွန်တော်တို့အတွက်က တော့ အခုလို အထိမ်းအမှတ် အကြွေစေ့တွေကို ထိန်းသိမ်း ဖို့အရမ်းအရေးကြီး ပါတယ်။ ဘရာဇီးမှာ အခုလို အထိမ်းအမှတ်အကြွေစေ့ထုတ်တဲ့အစဉ်အလာ သိပ်အများကြီးမရှိခဲ့ပါဘူး” ဟုပြောကြားခဲ့သည်။

ရွှေရောင်အကြွေစေ့တစ်စေ့ ၏ တန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၂.၅ဒေါ်လာ ကျသင့်မည် ဖြစ်ပြီး Cristo Redentor ခရစ်တော်၏ ရုပ်တုနှင့် အိုလံပစ် မီးတိုင်ကို ဂုဏ်ပြုထုတ်လုပ်ထားခြင်းဖြစ်သည်။ ငွေရောင်အကြွေစေ့များမှာမူ အကြွေစေ့ တစ်စေ့ကို ဒေါ်လာ ၁.၂ ဒေါ်လာကျသင့်မည် ဖြစ်ပြီး ရီယိုဒီဂျနေးရိုးမြို့ကို ဂုဏ်ပြု ထုတ်လုပ်ထားကြောင်းသိရသည်။

အကြွေစေ့များ၏ တစ်ဖက်တွင်မူ ဒေသခံ အားကစားသမားများ အထူးသဖြင့် လှေလှော်၊ စက်ဘီး၊ ကမ်းခြေဘော်လီဘော စသည့် အားကစားသမားများအားရည်ညွှန်းသည့် ရှုခင်းပုံများ ထည့်သွင်း ရိုက်နှိပ်ထားသည်။ အခြားတစ်ဘက်တွင် ယဉ်ကျေးမှှုဆိုင်ရာ ပုံရိပ်များ မြို့တော်နှင့် ဘရာဇီးနိုင်ငံ၏ သဘာဝတရားများဖြစ်သည့်၊ ဥပမာ လိပ်ပြာများ၊ သစ်ပင်များ၊ ပြဇာတ်ရုံနှင့် ဘရာဇီးဆန်ဘာအကတို့၏ ပုံရိပ်များကို ရိုက်နှိပ်ထားသည်။ အဆိုပါ ရုပ်ပုံများအား သဘာဝ အလှများ၊ ပန်းမန်များ၊ လက်မှုအနုပညာများနှင့် ဂီတအနုပညာများစသည့် ကဏ္ဍ ၄ ပိုင်း ခွဲခြား ထားသည်။ (Xinhua)