Connect with us

Latin America

ဘရာဇီးတွင် အားကစားရုံ လက်ရန်းအတားအဆီး ပြိုကျမှုကြောင့် ပရိသတ်များစွာ ဒဏ်ရာရရှိ

ဘရာဇီးနိုင်ငံရှိ Morumbi အားကစားရုံ အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘရာဇီး၊ မေ ၁၂ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံတွင် မေလ ၁၀ ရက်က Copa Libertadores ဘောလုံးပွဲစဉ် တစ်ရပ် ကျင်းပနေစဉ် အားကစားရုံ လက်ရန်း အတားအဆီး ပြိုကျခဲ့မှုကြောင့် ဘောလုံးပွဲ ပရိသတ်များစွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ရုပ်သံလိုင်းများ၏ ထုတ်လွှင့်ချက် အရ အားကစားရုံ လက်ရန်း အတားအဆီး ပြိုကျမှုကြောင့် ပွဲကြည့် ပရိသတ် များသည် ၃ မီတာမြင့်သည့် Morumbi အားကစားရုံ ၏ ပထမအဆင့် ပွဲကြည့်စင်မှ မြေပြင်သို့ ပြုတ်ကျခဲ့ကြောင်း တွေ့ရှိရသည်။
တာဝန်ရှိသူများ၏ ပြောကြားချက် အရ အထူးတန်း ပွဲကြည့်စင်၏ သတ္တုလက်ရန်း များသည် အောင်ပွဲခံနေသည့် ပရိသတ်များ၏ ဖိအားကြောင့် ကျိုးကျခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အရေးပေါ်လူနာပြုစုရန် အတွက် ဘောလုံးပွဲကို ၅ မိနစ်ခန့် ရပ်နားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.