Connect with us

Latin America

ဘရာဇီးနိုင်ငံ၌ လူအုပ်ပိမိရာမှ ၉ ဦးသေဆုံး

ဘရာဇီးနိုင်ငံ၌ လူအုပ်ပိမိမှု ဖြစ်ပွားသော နေရာအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရီရိုဒီဂျနေရို ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ဆာအိုပေါ်လိုမြို့၌ ဒီဇင်ဘာ ၁ ရက်ကပြုလုပ်သော လူပေါင်းများစွာ ပါဝင်သည့် လမ်းပေါ်ကပွဲတစ်ခု၌ လူအုပ်ပိမိမှုဖြစ်ပွားရာ အနည်းဆုံး လူ ၉ ဦီး သေဆုံးပြီး အခြားလူ ၇ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။

အဆိုပါ ဖြစ်စဉ်သည် အနီးအနားတစ်ဝိုက်၌ ရဲတပ်ဖွဲ့ဝင်များ နှင့် မော်တော်ဆိုင်ကယ်တစ်စီးဖြင့် ထွက်ပြေးရန် ကြိုးပမ်းသည့် လူဆိုးနှစ်ဦးအကြား အပြန်အလှန်ပစ်ခတ်မှု သေနတ်သံများ ထွက်ပေါ်လာပြီးနောက် ကပွဲရှိ လူများ ထိန့်လန့်၍ ဝရုန်းသုန်းကား ထွက်ပြေးကြရာမှ တစ်ဆင့် လူအုပ်ပိမိမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။၎င်းကပွဲတွင် လူပေါင်း ၅ ထောင်နီးပါး ပါဝင်ဆင်နွှဲခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ဆာအိုပေါ်လိုမြို့တော်အုပ်ချုပ်ရေးမှူး Joao Doria က သေဆုံးသွားသူများအတွက် ကြေကွဲဝမ်းနည်းရကြောင်း နှင့် အချင်းဖြစ်စဉ်အပေါ်စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။(Xinhua)