Connect with us

Latin America

ဘရာဇီး သိပ္ပံပညာရှင်များသည် ဇီကာဗိုင်းရပ်စ် ရှိ၊မရှိ ၅နာရီအတွင်း ဖော်ထုတ်ပေးနိုင်သည့် စနစ်အားတီထွင်

ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ကလေးငယ် တစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယို ဒီ ဂျန်နိုင်ရို၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

ဘရာဇီ သုတေသီ များသည် ဇီကာဗိုင်းရပ်စ်ပိုး ရှိ၊မရှိ ၅နာရီအတွင်း ဖော်ထုတ်ပေးနိုင် သည့် မော်လီကျူး စစ်ဆေးမှု တစ်ရပ်အား လုပ်ဆောင်နိုင်ခဲ့ကြောင်း ပညာရပ်ဆိုင်ရာ အရင်းအမြစ်များက ဖေဖော်ဝါရီ ၁၀ ရက်နေ့ တွင် ပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း ရှိ Unicamp တက္ကသိုလ် က ယင်း စမ်းသပ်မှုကို အသုံးပြု၍ သွေး၊ တံတွေးနှင့် ဆီး နမူနာများ တွင် ဇီကာဗိုင်းရပ်စ် ရှိ၊မရှိ စစ်ဆေးနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဇီကာဗိုင်းရပ်စ် စစ်ဆေးမှုအား Unicamp တက္ကသိုလ် မှ ကျွမ်းကျင်သူများ နှင့် University of Sao Paulo (USP) နှင့် Sao Paulo State University (Unesp) တို့ ပူးပေါင်းကာ သုတေသန ပြုလုပ်ခဲ့ကြပြီး ဇီကာဗိုင်းရပ်စ် အား တိုက်ဖျက်နေသည့် ဆီနီဂေါ သုတေသီ များထံမှလည်း သတင်းအချက်အလက်များ ရယူခဲ့ကြောင်း သိရသည်။

လာမည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ စ၍ Sao Paulo ပြည်နယ် ရှိ Campinas ဆေးရုံ မှ ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု ယူဆထားသည့် လူနာများ အား စတင် အဆိုပါ နည်းလမ်းဖြင့် စစ်ဆေးပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ဇီကာဗိုင်းရပ်စ်ပိုးရှိသည့် စစ်ဆေးချက် နမူနာများအား ဇီကာဗိုင်းရပ်စ် အားလေ့လာနေသည့် ဘရာဇီး ဓါတ်ခွဲခန်းများ သို့ ပို့ဆောင်ကာ ဗိုင်းရပ်စ်ပိုး နှိမ်နင်းနိုင်ရန် နှင့် ၎င်း၏ မျိုးဗီဇ ကို ဖော်ထုတ်ရာတွင် အသုံးပြုသွားမည်ဖြစ်ကာ ယင်း ဗိုင်းရပ်စ်ပိုး အား တိုက်ဖျက်နိုင်ရန် နည်းလမ်းသစ်များကို ပေးစွမ်းနိုင်မည်ဟု မျှော်လင့်ကြကြောင်း သိရသည်။

စစ်ဆေးမှု အသစ်သည် ရက်ပေါင်း များစွာ စောင့်ဆိုင်းရသည့် လက်ရှိ စစ်ဆေးမှု နှစ်ခု နေရာတွင် အစားထိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် ဘရာဇီး ကျန်းမာရေးအာဏာပိုင်များသည် သွေးနမူနာများမှ ဇီကာဗိုင်းရပ်စ်ပိုး စစ်ဆေးရန် အချိန် ငါးရက် ယူရပြီး ဆီးနမူနာမှ အချိန် ၈ရက်အထိစောင့်ဆိုင်းရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.