Connect with us

Latin America

ဇီကာဗိုင်းရပ်စ် နမူနာအား ထိမ်ချန်ထားသည်ဟု စွပ်စွဲချက်အား ဘရာဇီး ငြင်းဆို

ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှုနှင့် မွေးရာပါ ဦးခေါင်းသေးရောဂါ ဆက်စပ်လျက်ရှိ (အင်တာနက်)

Rio De Janeiro, ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

ဇီကာဗိုင်းရပ်စ်ပိုး နမ်ူနာအား ထိမ်ချန်ထားသည့် ဆိုသည့် စွပ်စွဲချက်အား ဘရာဇီး ကျန်းမာရေး ဝန်ကြီးဋ္ဌာနက ဖေဖော်ဝါရီလ ၄ ရက်တွင် ဗိုင်းရပ်စ်ပိုးအား လေ့လာရန်အတွက် ငြင်းဆိုလိုက်ပြီး ပြည်ပ အဖွဲ့အစည်းများနှင့် အတူ သတင်းအချက် အလက်နှင့် ဆက်စပ်လျက်ရှိသည့် နမူနာများ မျှဝေရန်လိုလားကြောင်း ပြောကြားလိုက် သည်။

ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်မှုမှာ အမြင့်ဆုံး ဖြစ်လာခဲ့ပြီး ကိုယ်ဝန်ဆောင်ချိန်တွင် ဇီကာဗိုင်ရပ်စ် ကူးစက်ခံရမှုနှင့် ဦးခေါင်းသေးရောဂါဖြင့် မွေးဖွားလာသူ ကလေးငယ်များ မှာ အခိုင်အမာ ဆက်စပ်လျက်ရှိသည်ဟု သံသယ ရှိရသော်လည်း သိပ္ပံ နည်းကျ သက်သေကိုမူ မပြနိုင်သေးပေ။

ဇီကာဗိုင်းရပ်စ်အား ၁၉၄၇ ခုနှစ်တွင် ယူဂန်ဒါနိုင်ငံတွင် ပထမဆုံး စတင် တွေ့ရှိခဲ့ပြီး နောက်ပိုင်းတွင် အာရှသို့ ပျံ့နှံ့လာခဲ့သည်။ ဘရာဇီးနိုင်ငံ၌ ၂၀၁၅ ခုနှစ် နှစ်လယ်တွင် ဘရာဇီးနိုင်ငံတွင် ယင်းရောဂါ ကူးစက်မှုအား ပထ မဆုံး တွေ့ရှိခဲ့ကာ ဒေသတွင်း နိုင်ငံ ၂၀ ကျော်၊ ကာရေဘီယံနှင့် အနောက်နိုင်ငံများသို့ လျင်မြန်စွာ ပျံ့နံှ့ခဲ့ပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း ဦးဆောင်လျက် နိုင်ငံတကာ စိုးရိမ်ဖွယ် အရေးပေါ် အခြေအနေအဖြစ် လွန်ခဲ့သည့် ရက်သတ္တပတ်က ကြေညာခဲ့သည်။

ဘရာဇီးနိုင်ငံတွင် ဇီကာ ဗိုင်းရပ်စ် တွေ့ရှိကြောင်း သတင်းထုတ်ပြန်ခဲ့စဉ်ကစပြီး အမေရိကန် ကူးစက် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ (CDC) ကိုယ်စားလှယ်များက ဘရာဇီး ပြည်တွင်း ကျွမ်းကျင် ပညာရှင် များနှင့် အတူ ဇီကာဗိုင်းရပ်စ် သုတေသန ပြုလုပ်ခဲ့ကြောင်း ဝန်ကြီးဋ္ဌာနက ဆိုသည်။

ဇီကာရောဂါအတွက်ဆေးဝါးအား ပူးတွဲထုတ်လုပ်နိုင်ရေးအတွက် လွန်ခဲ့သော ရက်သတ္တပတ်က ဘရာဇီး သမ္မတ ဒီလ်မာ ရောဆပ်နှင့် အမေရိကန် သမ္မတ ဘားရတ် အိုဘားမား တို့ပြောဆို ဆွေးနွေးခဲ့ကြသည်။ ယင်း ကိစ္စနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံ လူထုကျန်းမာရေး ကိုယ်စားလှယ်များသည် ယခုလနှောင်းပိုင်း၌ တွေ့ဆုံရန်ရှိ ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.