Connect with us

Latin America

ဆမ်ဆောင်း Galaxy Note 7 မသုံးစွဲရန် အမေရိကန် အေဂျင်စီ ပြောကြား

ဆမ်ဆောင်း Galaxy Note 7 အား ပြသထားစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

ဆမ်ဆောင်း Galaxy Note 7 ဆဲလ်ဖုန်းကို အားသွင်းခြင်း၊ သုံးစွဲခြင်း မပြုဘဲ ပါဝါပိတ်ထားရန် သုံးစွဲသူများအား အမေရိကန် ထုတ်ကုန် သုံးစွဲသူ လုံခြုံရေး ကော်မရှင် (CPSC) က စတ်တင်ဘာလ ၉ ရက်က တိုက်တွန်းလိုက်သည်။

လတ်တလော အစီရင်ခံစာများအရ မီးလောင်ကျွမ်းမှု ဖြစ်စေသည့် Lithium-ion ဘက်ထရီများသည် အချို့သော Note 7 ဖုန်းအတွင်း ပါဝင်နေသည်ဆိုသော အချက်အား အခြေခံကာ CPSC က ထုတ်ပြန်သည့် သုံးစွဲသူ သတိပေးချက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။
“ဒီလို မတော်တဆမှုတွေဟာ ဖုန်းအားသွင်းနေစဉ်နဲ့ သုံးစွဲနေစဉ်တွေမှာ ဖြစ်တတ်တယ်၊ Note 7 ဖုန်းတွေကို စက်ပိတ်ထားဖို့ ပြောချင်ပါတယ်” သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။CPSC သည် ဆမ်ဆောင်း ကုမ္ပဏီနှင့်အတူ တရားဝင် ကြေညာထားသည့်အတိုင်း ဖုန်းများကို မြန်နိုင်သမျှ မြန်မြန် လဲလှယ်ပေးရန် လုပ်ဆောင်နေကြောင်း သိရသည်။စက်တင်ဘာလ ၈ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု လေကြောင်း စီမံအုပ်ချုပ်မှုဋ္ဌာနက ခရီးသည်များအား လေယာဉ်ပေါ်တွင် Note 7 ဖုန်း သုံးစွဲခြင်း မပြုလုပ်ရန်နှင့် ခရီးဆောင်အိတ်များအတွင်း ထည့်သွင်း သိမ်းဆည်းထားခြင်း မပြုလုပ်ရန် တင်းကြပ်စွာ အကြံပြုထားကြောင်း သိရသည်။ (Xinhua)