Connect with us

Latin America

အိုဘားမား၏ ရာသီဥတုဆိုင်ရာမူဝါဒများ အား ပြောင်းလဲမည့် သမ္မတအမိန့်စာ ကို ထရမ့် က လက်မှတ်ရေးထိုးတော့မည်

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား အိမ်ဖြူတော်၏ ရုစဗဲ့အခန်း၌ တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် သည် ယခင်သမ္မတဟောင်း အိုဘားမား၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒများအား ပြောင်းလဲပစ်ရန် ရည်ရွယ်ထားသည့် သမ္မတအမိန့်စာ အား မတ်လ ၂၈ ရက်တွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရှိသူ ရှောင်စပိုက်ဆာ က မတ်လ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

စပိုက်ဆာ က သမ္မတ ထရမ့်သည် ပြည်တွင်းစွမ်းအင်အရင်းအမြစ်များ အသုံးပြုမှုကို အကန့်အသတ် ဖြစ်စေသော မလိုအပ်သည့် စည်းမျဉ်းစည်းကမ်း အတားအဆီးများကို လျှော့ချ၍ နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေးကို ပိုမိုအားကောင်းလာစေရန် အတွက် ယင်း သမ္မတအမိန့်စာ အား မတ်လ ၂၈ ရက်တွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

၎င်း က သမ္မတအမိန့်စာ သည် စီးပွားရေးကြီးထွားလာမှု နှင့် အလုပ်အကိုင်အခွင့်အလမ်းများပိုမို ဖန်တီးပေးနိုင်ရန် စွမ်းအင် နှင့် လျှပ်စစ် အား ချွေတာထိန်းသိမ်းရာ၌ ကူညီပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး အေဂျင်စီ စီမံခန့်ခွဲရေးမှူး Scott Pruitt က ထရမ့်၏ အမိန့်စာသည် အိုဘားမားအစိုးရ၏ အဓိက အစပျိုးမှုတစ်ခုဖြစ်သော စွမ်းအင်ထုတ်လုပ်ရေး စက်ရုံများမှ ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ချသည့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး အစီအစဉ်တစ်ခုဖြစ်သော သန့်ရှင်းသောစွမ်းအင်အစီအစဉ် (Clean Power Plan) အား ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း မတ်လ ၂၆ရက်တွင်ပြောကြားခဲ့သည်။

ထရမ့် က ရာသီဥတုပြောင်းလဲမှု အား မဖြစ်နိုင်သော ကိစ္စတစ်ရပ် အဖြစ် ခေါ်ဆိုခဲ့သည့်အပြင် ၂၀၁၆ခုနှစ်တွင် စတင်အသက်ဝင်လာခဲ့သော ပါရီသဘောတူညီချက် မှ အမေရိကန်နိုင်ငံ နှုတ်ထွက်သွားမည် ဟုလည်း ခြိမ်းခြောက်ပြောဆိုခဲ့ဖူးသည်။

လွန်ခဲ့သည့် အပတ်က ထုတ်ပြန်ခဲ့သော ထရမ့်၏ ပထမဆုံး နိုင်ငံတော်ဘတ်ဂျက် အရ သန့်ရှင်းသောစွမ်းအင်အစီအစဉ် (Clean Power Plan) အတွက် ရန်ပုံငွေအား ဖျက်သိမ်းခြင်း အပါအဝင် သမ္မတဟောင်း ဘားရတ်အိုဘားမား ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒများအား အဆုံးသတ်လိုသော ထရမ့်၏ ရည်ရွယ်ချက်ကို ပိုမိုထင်ဟပ်စေခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.