Connect with us

Latin America

အိုလံပစ် မီတာ ၂ဝဝ ဗိုလ်လုပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အူစိန်ဘော့ အရည်အချင်း ပြည့်မီ

ဂျမေကာ နိုင်ငံသား ကမ္ဘာ့အပြေးချန်ပီယံ အူစိန်ဘော့အားတွေ့ရစဉ်(ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

အိုလံပစ်ရွှေတံဆိပ် ၇ ဆုရှင် ဂျမေကာနိုင်ငံသား ကမ္ဘာ့အပြေးချန်ပီယံ အူစိန်ဘော့သည် ရီယိုအိုလံပစ်ပြိုင်ပွဲ၏ မီတာ ၂ဝဝ ဗိုလ်လုပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီသဖြင့် ယခုပြိုင်ပွဲအတွင်း ၎င်းအတွက် တတိယမြောက် ရွှေတံဆိပ်တစ်ခုကို ထပ်မံဆွတ်ခူးရန် အခွင့်သာခဲ့ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ အိုလံပစ် မီတာ ၂ဝဝ အရည်အချင်းစစ်လူရွေးပွဲတွင် အသက် ၂၉ နှစ်အရွယ်ရှိ အူစိန်ဘော့သည် ၁၉.၇၈ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ပြီး အနီးကပ်ပြိုင်ဖက် ကနေဒါနိုင်ငံသား Andre de Grasse အား စက္ကန့်၂ဝဝ ပုံ တစ်ပုံ အသာဖြင့် ဦးဆောင်ခဲ့ကြောင်းသိရသည်။

ဂျမေကာ နိုင်ငံသား ကမ္ဘာ့အပြေးချန်ပီယံ အူစိန်ဘော့အားတွေ့ရစဉ်(ဆင်ဟွာ)

ဂျမေကာ နိုင်ငံသား ကမ္ဘာ့အပြေးချန်ပီယံ အူစိန်ဘော့အားတွေ့ရစဉ်(ဆင်ဟွာ)
၎င်းတို့နှစ်ဦးစလုံးသည် အကြိုဗိုလ်လုပွဲ ဒုတိယပွဲစဉ်တွင် ထိပ်ဆုံးမှ အသီးသီးပန်းဝင်ခဲ့ကြရာ အပြုံးကိုယ်စီဖြင့် နောက်ဆုံးဗိုလ်လုပွဲသို့တက်ရောက်သွားကြပြီးဖြစ်သည်အကြိုဗိုလ်လုပွဲ ပထမပွဲစဉ်တွင် အမေရိကန်နိုင်ငံသား Lashawn Merritt သည် ၁၉.၉၄ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ကြောင်းသိရသည်။ ရီယိုအိုလံပစ်ပြိုင်ပွဲ၏ မီတာ ၂ဝဝ အပြေးပြိုင်ပွဲ၌ အူစိန်ဘော့အတွက် အဓိကပြိုင်ဖက်ဖြစ်လာရန် ရေပန်းစားနေသည့် အမေရိကန်နိုင်ငံသား Justin Gatlin သည် အကြိုဗိုလ်လုပွဲ ပထမပွဲစဉ်တွင် ၂ဝ.၁၃ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ရာ ဗိုလ်လုပွဲဝင်ပြိုင်ရန် သတ်မှတ်အရည်အချင်းမပြည့်မီသဖြင့် ပြိုင်ပွဲမှ ထွက်သွားရပြီးဖြစ်သည်။
သြဂုတ်လ ၁၃ရက်က ယှဉ်ပြိုင်ခဲ့သည့် မီတာ ၁ဝဝ အပြေး ပြိုင်ပွဲတွင် အူစိန်ဘော့သည် Gatlin အား စက္ကန့်၈ဝဝပုံတစ်ပုံ အသာဖြင့် ပန်းဝင်ခဲပြီး သုံးကြိမ်ဆက်တိုက် အိုလံပစ် မီတာ ၁ဝဝ ရွှေတံဆိပ်ဆုရင်ဖြစ်လာခဲ့သည်။ ယင်းပွဲစဉ်တွင် De Grasse သည် တတိယကြေးတံဆိပ်ရခဲ့သည်။
အူစိန်ဘော့သည် ရီယိုအိုလံပစ်ပြိုင်ပွဲတွင် မီတာ ၁ဝဝ ပြိုင်ပွဲ၌ ဗိုလ်စွဲထားပြီးဖြစ်ရာ ကျန်ရှိနေသေးသည့် မီတာ ၂ဝဝ ပြိုင်ပွဲ နှင့် မီတာ ၄ဝဝ လက်ဆင့်ကမ်းပြိုင်ပွဲများတွင် ဗိုလ်စွဲ၍ ပြိုင်ပွဲသုံးမျိုးစလုံးတွင် သုံးကြိမ်မြောက် ချန်ပီယံ ဖြစ်ရန် မျှော်လင့်ထားကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.