Connect with us

Latin America

ကော့စတာရီကာ နိုင်ငံသား ကုလသမဂ္ဂ အကြီးအကဲရာထူး လျာထားခြင်းခံရသူ တရုတ်နိုင်ငံသို့အလည်အပတ် လာမည်

UN အကြီးအကဲ အမည်စာရင်း သွင်းခံထားရသူ ကော့စတာရီကာ နိုင်ငံသား Christiana Figueres အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆန်ဂျိုးစ် ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် အမည်စာရင်း တင်သွင်းရန် လျာထားခြင်းခံရသူ ကော့စတာရီကာ နိုင်ငံသား အမျိုးသမီး Christiana Figueres သည် ၎င်း၏ ရာထူးရရှိရေး မဲဆွယ် ခရီးစဉ်အဖြစ် ဇူလိုင်လ ၁၈ ရက်တွင် တရုတ်နိုင်ငံသို့လာရောက်မည် ဖြစ်ကြောင်းသိရသည်။

လက်ရှိ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရာထူး သက်တမ်းမှာ ယခုနှစ်ကုန်တွင် အဆုံးသတ်ရန် ရှိနေသဖြင့် ၎င်းနေရာအား ဆက်ခံခွင့်ရရှိရန် Figueres က ကြိုးပမ်းလျက် ရှိသည်။ Figueres ၏ တရုတ်နိုင်ငံ ခရီးစဉ်တွင် ကော့စတာရီကာ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Manuel Gonzalez လည်း အတူတကွ လိုက်ပါလာမည် ဖြစ်ကြောင်း La Nacion နေ့စဉ်သတင်းစာက ဇူလိုင်လ ၁ဝ ရက်တွင် ရေးသားဖော်ပြသည်။
ထို့ပြင် ဇူလိုင်လ ၂၁ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ အမည်စာရင်း တင်သွင်းမှု မပြုလုပ်မီ ၎င်းတို့ နှစ်ဦးသည် ရုရှားနှင့် ပြင်သစ်နိုင်ငံများသို့လည်း သွားရောက် လည်ပတ်ရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါ သုံးနိုင်ငံသည် အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့ နှင့်အတူ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ အဖြစ်ရပ်တည်နေပြီး အထွေထွေ ညီလာခံသို့တင်သွင်းရန်ရှိသည့် အတွင်းရေးမှူးချုပ် အမည်စာရင်းကို ရွေးချယ်ခြင်းနှင့် ထောက်ခံခြင်းများ ပြုလုပ်ခွင့်ရထားသော နိုင်ငံများ ဖြစ်ကြသည်။
Figueres သည် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ သဘောတူညီမှု မူဘောင်အဖွဲ့တွင် အမှုဆောင် အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်သည်။ ၎င်းသည် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလတွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံမှ လက်မှတ်ရေးထိုးခဲ့သည့် ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာ ပါရီသဘောတူညီမှု အကောင်အထည်ဖော် နိုင်ရန်ကြိုးပမ်းခဲ့သူ တစ်ဦးအဖြစ် ဂုဏ်ပြုခံထားရသူ ဖြစ်သည်။
Figueres သည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးအတွက် လက်တင်အမေရိက နိုင်ငံများ အလှည့်တွင် အာဂျင်တီးနားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Susana Malcorra နှင့်အပြိုင် ဖြစ်နေသည်။ ယင်းသို့မြင့်မားသော ရာထူးအတွက် အမျိုးသမီး ကိုယ်စားလှယ်လောင်း နှစ်ဦး သို့မဟုတ် သုံးဦး အထိ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ကို ဂုဏ်ယူကြောင်း ကော့စတာရီကာ နိုင်ငံခြားရေး ဝန်ကြီး Gonzalez က ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.