Connect with us

Latin America

အာဂျင်တီးနားဘောလုံးအသင်းနည်းပြ စကယ်လိုနီ မော်တော်ယာဉ်မတော်တဆမှုဖြစ်ပွားပြီးနောက် ဆေးရုံတွင်ကုသမှုခံယူ

Lionel Scaloni အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

မက်ဒရစ်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံလက်ရွေးစင်ဘောလုံးအသင်း ၏ နည်းပြ လီယိုနယ်လ်စကယ်လိုနီ (Lionel Scaloni) သည် ယာဉ်မတော်တဆမှု ဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အတွက် စပိန်နိုင်ငံ Mallorca ကျွန်းရှိ နီးစပ်ရာဆေးရုံသို့ ဧပြီလ ၉ ရက်နေ့တွင်ခေါ်ဆောင်သွားခဲ့ရကြောင်း သိရသည်။

၎င်းသည်ပြီးခဲ့သည့် နိုဝင်ဘာလ တွင် အာဂျင်တီးနားအသင်း၏ နည်းပြအဖြစ်တာဝန်ယူခဲ့ပြီး၊ အသက် ၄၀ နှစ်ရှိပြီဖြစ်ကာ၊ ၎င်းစီးလာသည့်စက်ဘီးသည် Agora Portals ကျောင်းရှိ ကားပါကင် အနီးတွင် တိုယိုတာကားမောင်းလာသူက ကားနောက်ဆုတ်ရင်း တိုက်မိ၍ ထိခိုက်ဒဏ်ရာရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များကပြောသည်။

တိုယိုတာယာဉ်မောင်းသည် အရေးပေါ်ဌာနသို့ ချက်ချင်းအကြောင်းကြားခဲ့ကာ အနီးတွင်ရှိသည့် Son Espases ဆေးရုံသို့ စကယ်လိုနီ ကိုပို့ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117