Connect with us

Latin America

ပီရူးသမ္မတဟောင်း Kuczynski အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် အဖမ်းခံရ

ပီရူးနိုင်ငံ သမ္မတဟောင်း Pedro Pablo Kuczynski အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လီမာ၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

ပီရူးနိုင်ငံ သမ္မတဟောင်း Pedro Pablo Kuczynski အား အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ဧပြီ ၁၀ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ပြည်တွင်းသတင်းက ဖော်ပြခဲ့သည်။

ရဲအရာရှိများက ပီရူးနိုင်ငံ တရားစီရင်ရေးဌာနတစ်ခု မှ ဖမ်းဆီးထိန်းသိမ်းမှုအမိန့်၏ တစ်စိတ်တစ်ပိုင်းအဖြစ် Kuczynski အား လီမာစီရင်စု သို့ ခေါ်ဆောင်လာခဲ့ကြောင်း Andina သတင်းဌာနက ဖော်ပြခဲ့သည်။

လက်ရှိစုံစမ်းစစ်ဆေးနေသော ဘရာဇီးဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Odebrecht အား အစိုးရအရာရှိများထံ တရားမဝင် လာဘ်ပေးလာဘ်ယူမှုကိစ္စ၏ တစ်စိတ်တစ်ပိုင်းအဖြစ် Kuczynski အား ၁၀ရက်တာ ထိန်းသိမ်းထားမည်ဖြစ်ကြောင်း သိရသည်။

Kuczynski ၏ အတွင်းရေးမှူးဟောင်း နှင့် ကားဒရိုင်ဘာတို့ကိုလည်း အလားတူ ကိစ္စဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။

Kuczynski က ၎င်းအား ဖမ်းဆီးခြင်းသည် ကျိုးကြောင်းဆီလျော်မှုမရှိကြောင်း၊ အာဏာပိုင်များ နှင့် အပြည့်အဝပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တွစ်တာ၌ရေးသားခဲ့သည်။

Kuczynski ၏ ရှေ့နေများက ယင်းကိစ္စအား အယူခံဝင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117