Connect with us

Latin America

ဝယ်လိုအားစိုးရိမ်မှုများကြားမှ ရေနံဈေးကျ

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် မစ်လန်းမြို့ရှိ ရေနံမြေတစ်နေရာတွင် ရေနံတွင်းတူးနေသည်ကို တွေ့ရစဉ် (Xinhua/REUTERS)

နယူးယောက်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

ကိုရိုနာဗိုင်းရပ်စ် ပြန်လည်ဖြစ်ပွားလာသည့်အပေါ် ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်မှုများကြီးမားလာခြင်းကြောင့်  သြဂုတ် ၇ ရက်တွင် ရေနံဈေးနှုန်းများ လျော့ကျခဲ့ခြင်းက ရေနံစိမ်းဝယ်လိုအားအပေါ် ထိခိုက်လာဖွယ်ရှိကြောင်း သိရသည်။ 

The West Texas Intermediate (WTI) အနေဖြင့် New York Mercantile Exchange တွင် ရေနံစိမ်း တစ်စည်လျှင် စက်တင်ဘာလအမှာအတွက် အမေရိကန်ဒေါ်လာ ၄၁.၂၂ ရှိကာ ၇၃ ဆင့် (Cent) ကျဆင်းခဲ့ပြီး London ICE Futures Exchange တွင်မူ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၄၄.၄၀ ရှိ၍ ၆၉ ဆင့် (Cent) လျော့ကျခဲ့သည်။ 

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု မြင့်တက်လာခြင်းသည် ရေနံဈေးကွက်အပေါ် ဆက်လက်ဖိအားဖြစ်စေပြီးနောက် ယခုကဲ့သို့ အပြောင်းအလဲဖြစ်ပေါ်လာရခြင်းဖြစ်သည်။  

ကမ္ဘာတစ်ဝန်းတွင် ဩဂုတ် ၇ ရက် မွန်းလွဲပိုင်းအထိ COVID-19 ဖြစ်ပွားမှုသည် ၁၉ သန်းကျော်နှင့် သေဆုံးသူ ၇၁၆,၀၀၀ ဦးအထိရှိခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာဌာန စာရင်းများအရ သိရသည်။ 

အမေရိကန်နိုင်ငံသည် ကပ်ရောဂါဖြစ်ပွားမှုတွင် အထိခိုက်ဆုံးဖြစ်ပြီး ရောဂါကူးစက်ခံနေသူ ၄.၉ သန်းကျော် ရှိကာ အကြမ်းအားဖြင့် သေဆုံးသူ ၁၆၀,၇၀၀ ဦးခန့် ရှိကြောင်း စာရင်းများအရ သိရသည်။

ရင်းနှီးမြှုပ်နှံသူများသည် တရုတ်-အမေရိကန် တင်းမာမှုအသစ်များအပေါ် စိုးရိမ်ပူပန်နေသည်ဟု ကျွမ်းကျင်သူများက မှတ်ချက်ပြုပြောခဲ့သည်။

တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့အကြား တင်းမာမှုများကြောင့်ဈေးကွက်အပေါ်ရှုမြင်သုံးသပ်မှုများသည် ရေနံရောင်းချမှုတွင် ဈေးနှုန်းများကို သက်ရောက်နေသည်ဟု Commerzbank သုတေသနမှ စွမ်းအင်လေ့လာသူ Eugen Weinberg က သြဂုတ် ၇ ရက်က အလေးထားပြောဆိုခဲ့ပြီး မကြာသေးမီလများက အခြေခံအကြောင်းတရားများထက် ရေနံဈေးကွက် သုံးသပ်ချက်များက သိသိသာသာပိုမိုအရေးပါလာခဲ့ခြင်းဖြစ်သည်။ (Xinhua)