Connect with us

Latin America

ဘိုလီးဗီးယား နိုင်ငံ တွင် ကျင်းပ သည့် ပွဲတော် တွင် ပေါက်ကွဲမှု ထပ်မံ ဖြစ်ပွား ခဲ့ရာ လူပေါင်း ၄ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိ

ဘိုလီးဗီးယား နိုင်ငံ Oruro ပွဲတော် တွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညပိုင်း အချိန်၌ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့စဉ်(ဆင်ဟွာ)

လီမာ ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညပိုင်း အချိန်တွင် ဘိုလီးဗီးယား နိုင်ငံ အနောက်တောင်ပိုင်း Oruro မြို့၌ ကျင်းပပြုလုပ်နေသည့် ပွဲတော် တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွား ခဲ့ရာ လက်ရှိချိန်တွင် လူပေါင်း ၄ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ကျော် ဒဏ်ရာရရှိခဲ့ကာ ပေါက်ကွဲမှု သည် တိုက်ခိုက်မှု တစ်ခု ဖြစ်ကြောင်း ဘိုလီးဗီးယား နိုင်ငံ ရဲတပ်ဖွဲ့ က အတည်ပြု ထုတ်ပြန်ခဲ့သည်။

ယခု ဖြစ်ပွား ခဲ့သည့် ပေါက်ကွဲမှု သည် ယခုနှစ် Oruro ပွဲတော် တွင် ဒုတိယ အကြိမ်မြောက် ဖြစ်ပွား ခဲ့သည့် ပေါက်ကွဲမှု ဖြစ်သည်။ ဘိုလီးဗီးယား နိုင်ငံ ရဲတပ်ဖွဲ့ က သတင်းစာရှင်းလင်းပွဲ တွင် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည့် နေရာတွင် ပေါက်ကွဲစေသည့် ပစ္စည်းများ ကို တွေ့ရှိခဲ့ရပြီး တိုက်ခိုက်မှု ဆောင်ရွက်ခဲ့သူ အနေဖြင့် ပေါက်ကွဲစေသည့် ပစ္စည်း ၃ ကီလိုဂရမ် ကျော်ကို အသုံးပြုခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့ ၌ ဘိုလီးဗီးယား နိုင်ငံ တွင် ကျင်းပ သည့် Oruro ပွဲတော် အဝင်ဝ တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွား ခဲ့ပြီး လူပေါင်း ၈ ဦး သေဆုံး ခဲ့ပြီး ၄၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.