Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ မီရာပီမီးတောင် ပေါက်ကွဲ၍ ချော်ရည်များ ၁.၈ ကီလိုမီတာအကွာအဝေးအထိ စီးဆင်းနေ

ဂျကာတာ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

ပုံစာ- အင်ဒိုနီးရှားနိုင်ငံရှိ မီရာပီမီးတောင်မှ ထွက်ပေါ်လာသော မီးခိုးများကို ယိုဂျာကာတာပြည်နယ် Sleman ခရိုင် Purwobinangun ကျေးရွာမှ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံရှိ မီးတောင်ရှင်များအနက် တစ်ခုဖြစ်သော မီရာပီမီးတောင်သည် ဇူလိုင် ၁၂ ရက်က ၁၆ ကြိမ် ပေါက်ကွဲခဲ့ပြီး မီးတောင်ချော်ရည်များမှာ မီတာ ၁,၈၀၀ အကွာအဝေးအထိ စီးဆင်းသွားခဲ့ကြောင်း မီးတောင်နှင့် ဘူမိဗေဒ အန္တရာယ်လျော့ပါးရေးစင်တာ (PVMBG) အရ သိရသည်။

“မီးတောင်ချော်ရည်တွေက Bebeng မြစ်ဆီ ဦးတည်ပြီး မီတာ ၁,၈၀၀ အကွာအဝေးအထိ စီးဆင်းသွားခဲ့တယ်။ အလယ်အလတ်ထုရှိတဲ့ အဖြူရောင်မီးခိုးတွေကလည်း မီးတောင်ထိပ်ဝပေါ် မီတာ ၅၀ လောက်အထိ ရောက်ရှိခဲ့တယ်” ဟု မီရာပီမီးတောင် စောင့်ကြည့်ရေးဌာန အရာရှိ အာမက် ဆိုပါရီက ပြောခဲ့သည်။

ထိုအချိန်က မီးတောင်ချော်ရည်များစီးဆင်းမှုနှင့် ပူပြင်းသောတိမ်များမှာ အန္တရာယ်ဖြစ်နိုင်ခြေရှိကြောင်း၊ ပြည်သူများကိုလည်း မီးတောင်ထိပ်မှ တောင်-အနောက်တောင်ဘက် အချင်းဝက် ၇ ကီလိုမီတာနှင့် အရှေ့တောင်ဘက် ၅ ကီလိုမီတာအတွင်း ရှောင်ရှားကြရန် ပြောကြားထားကြောင်း ဆိုပါရီက ဆိုသည်။

အလယ်ဂျာဗားနှင့် ယိုဂျာကာတာ နယ်စပ်တွင်တည်ရှိသော မီရာပီမီးတောင်သည် ယခုအခါ တတိယမြောက် အန္တရာယ်ရှိအဆင့်၌ ရှိနေကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)

Indonesia’s Mount Merapi erupts, releasing lava up to 1.8 km away

JAKARTA, July 12 (Xinhua) — One of the most active volcanoes in Indonesia, Mount Merapi, erupted 16 times on Wednesday, releasing incandescent lava up to 1,800 m, according to the Center for Volcanology and Geological Hazard Mitigation (PVMBG).
“The lava was released towards Bebeng River up to 1,800 m. White smoke of medium intensity reached as high as 50 m above the top of the crater,” said Mount Merapi Monitoring Post officer Ahmad Sopari.
Lava flows and hot clouds are potentially hazardous at this time. People are asked to avoid a 7 km radius in the south-southwest sector and a 5 km radius in the southeast sector of the summit, Sopari added.
Located on the border of the provinces of Central Java and Yogyakarta, Mount Merapi is now at the third dangerous level.
Photo 1: This long exposure photo taken on July 12, 2023 shows volcanic materials spewing from Mount Merapi as seen from Purwobinangun village in Sleman district, Yogyakarta, Indonesia. (Photo by Priyo Utomo/Xinhua)
Photo 2: Smoke spew from Mount Merapi as seen from Purwobinangun village in Sleman district, Yogyakarta, Indonesia, July 12, 2023. (Photo by Priyo Utomo/Xinhua)