Connect with us

Asia

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ဘတ်စ်ကားတစ်စီးတိမ်းမှောက်ပြီး ကျောင်းသားခြောက်ဦးထက်မနည်း သေဆုံး

နယူးဒေလီ၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံမြောက်ပိုင်း ပြည်နယ်တစ်ခုဖြစ်သော ဟာယာနာတွင် ကျောင်းသားများ တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီး ဧပြီ ၁၁ ရက်က တိမ်းမှောက်ခဲ့သောကြောင့် ကျောင်းသားခြောက်ဦးထက်မနည်းသေဆုံးခဲ့ပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ဘတ်စ်ကားတိမ်းမှောက်ခြင်းသည် ကာနီနာဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အခင်းမဖြစ်မီ အဆိုပါဘတ်စ်ကားသည် ဂျီအယ်ပုဂ္ဂလိကကျောင်းမှ ကျောင်းသား ၄၀ ကျော် တင်ဆောင်ခဲ့ကြောင်း သိရသည်။ ကနဦးသတင်းပေးပို့ချက်များအရ ဘတ်စ်ကားမောင်းသူ၏ ပေါ့ဆမှုကြောင့် ဖြစ်ကြောင်းနှင့် အရှိန်ဖြင့်မောင်းနှင်နေစဉ် ဘတ်စ်ကားတိမ်မှောက်ခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများတွင် ဖော်ပြခဲ့သည်။
ကာနီနာဒေသတစ်ခုလုံးရှိ ပြည်သူများအားလုံးအဆိုပါ အပြစ်မဲ့ ကလေးများ သေဆုံးခဲ့သည့်သတင်းကြောင့် တုန်လှုပ်စိတ်မကောင်းဖြစ်ခဲ့ကြသည်။
မတော်တဆမှုဖြစ်ပွားပြီးနောက် စိတ်မကောင်းဖွယ် အထိမ်းအမှတ်အဖြစ် ဆိုင်များအားလုံး ပိတ်ခဲ့ကြောင်း အထည်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။ ဟာယာနာ ပြည်နယ်ဝန်ကြီးချုပ် နာယက်ဆိုင်နီက လူ့အသက်များ ဆုံးရှံးခဲ့သည်အတွက် ဝမ်းနည်းကြောင်း လူမှုမီဒီယာ X တွင်ဖော်ပြခဲ့သည်။ (Xinhua)
………………………….
(English Version)
6 school kids killed as bus topples in north India
NEW DELHI, April 11 (Xinhua) — At least six school students died and over a dozen were injured when the bus carrying them to the school overturned in India’s northern state of Haryana on Thursday, confirmed a local cop to Xinhua over phone.
The mishap occurred in the state’s Kanina area, minutes before the bus carrying around 40 students of the G.L. Public School could arrive.
“People in whole of Kanina area are in deep shock due to the death of innocent children. We have shut all shops in grief in the aftermath of the tragedy,” said Manish Gera, a cloth merchant, when speaking to Xinhua over phone.
Haryana Chief Minister Nayab Saini expressed grief at the loss of human lives, posting on X, formerly Twitter: “I am pained due to the bus accident in Kanina area of Mahendragarh district.