Connect with us

North America

နယူးယောက် တိုင်းမ်စကွဲ ကားတိုက်မှုတွင် လူ ၁ ဦး သေဆုံး၊ ၂၂ ဦး ဒဏ်ရာရ

တိုင်းမ်းစကွဲတွင် ဖြစ်ပွားခဲ့သည့် ကားတိုက်မှု မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ မေ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့လယ်ရှိ တိုင်းမ်စကွဲ (Time Square) တွင် မေလ ၁၈ ရက်က လူအုပ်ထဲသို့ ကားဖြင့် ဝင်တိုက်ခဲ့မှုကြောင့် အမျိုးသား တစ်ဦးကို ဖမ်းဆီးထားကြောင်း၊ အဆိုပါ ကားတိုက်မှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိထားကြောင်း နယူးယောက် မြို့တော်ဝန်က ပြောသည်။

ရရှိသည့် သတင်းအချက်အလက်များအပေါ် အခြေခံကာ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ မြို့တော်ဝန် ဘီလ်ဒီဘလက်စီရိုက “ယာဉ်တိုက်မှုက အကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ လက္ခဏာ မတွေ့ရှိခဲ့ပါဘူး” ဟု ပြောခဲ့သည်။

ယာဉ်မောင်းသူမှာ အမေရိကန် ရေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ပြစ်မှုမှတ်တမ်းရှိသော Bronx ခရိုင်နေ အသက် ၂၆ နှစ်အရွယ် ရစ်ချက် ရိုဇက်ဆိုသူဖြစ်ပြီး အမှုအား စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း မြို့တော်ဝန်က ပြောသည်။

“အဲဒီကားက လမ်းပြောင်းပြန်နဲ့ တစ်နာရီကို မိုင် ၈၀၊ ၈၅ ကြား မောင်းနှင်လာခဲ့တယ်၊ ကျွန်တော်က ရပ်၊ ရပ်၊ ရပ်လို့ ပြောခဲ့ပေမဲ့ မရခဲ့ဘူး” ဟု Broadway နှင့် W45W လမ်းထောင့်က စားသောက်ဆိုင်လှည်း ပိုင်ရှင် အဗ္ဗဒူလ်ဟာမစ်က ဆင်ဟွာသို့ ပြောသည်။

ဟွန်ဒါကား အနီရောင်မှာ လူအုပ်ထဲသို့ တစ်ရှိန်ထိုး ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တိုင်းမ်စကွဲ လမ်းဘေးသို့ U-Turn ကွေ့ခဲ့ပြီး လူများကို ဝင်တိုက်ခဲ့ကာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ကားမောင်းသူအား ဖမ်းဆီးထားကြောင်းနှင့် ၎င်း တစ်ဦးတည်း ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တိုင်းမ်စကွဲသည် နယူးယောက်မြို့၌ စီးပွားရေး အချက်အခြာကျသည့် နေရာ တစ်ခု ဖြစ်သလို ခရီးသွား ဧည့်သည်များ သွားလာသည့် နေရာ တစ်ခုလည်း ဖြစ်သည်။ ကမ္ဘာတစ်ဝန်းမှ နိုင်ငံခြားသား ဧည့်သည် အများအပြား အပါအဝင် လူ ထောင်ပေါင်းများစွာ နေ့စဉ် ဖြတ်သန်းသွားလာလေ့ရှိသော နေရာ တစ်ခုလည်း ဖြစ်သည်။

လက်ရှိတွင် အခင်း ဖြစ်ပွားသည့် နေရာအား ရဲတပ်ဖွဲ့က ပိတ်ထားလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.