Connect with us

North America

မြောက်ကိုရီးယားနိုင်ငံ နှင့် စေ့စပ်ဆွေးနွေးရန် ထရမ့် ဆန္ဒရှိနေကြောင်း တောင်ကိုရီးယား အထူးသံတမန် ပြောကြား

တောင်ကိုရီးယားနိုင်ငံ သမ္မတ ၏ အထူးသံတမန် Hong Seok-hyun အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆိုးလ်၊ မေ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က သင့်လျော်မှန်ကန်သည့် အခြေအနေများရှိပါက မြောက်ကိုရီးယားနိုင်ငံ နှင့် စေ့စပ်ဆွေးနွေးကာ ငြိမ်းချမ်းမှုကို ဖော်ဆောင်သွားရန် လိုလားကြောင်း တောင်ကိုရီးယားနိုင်ငံ သမ္မတ ၏ အထူးသံတမန်အား ပြောကြားခဲ့သည်ကို တောင်ကိုရီးယား မီဒီယာ က မေ ၁၈ ရက် တွင်ဖော်ပြခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် ၏ အထူးသံတမန် Hong Seok-hyun နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် တို့ ၁၅မိနစ်ကြာ ဆွေးနွေးပြောဆိုခဲ့ပြီးနောက် Hong က “ယခုအချိန်မှာ မြောက်ကိုရီးယားနိုင်ငံအပေါ် ပိတ်ဆို့တားဆီးမှုတွေနဲ့ အခြေအနေတင်းမာမှုတွေရှိနေပေမယ့် ထရမ့်က သင့်လျော်မှန်ကန်တဲ့ အခြေအနေတစ်ချို့ရှိရင် စေ့စပ်ဆွေးနွေးမှုကတစ်ဆင့် ငြိမ်းချမ်းမှုကို ဖော်ဆောင်သွားဖို့ ဆန္ဒရှိနေပါတယ်” ဟု ပြောကြားခဲ့ကြောင်း Yongap သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

“မြောက်ကိုရီးယား နဲ့ စေ့စပ်ဆွေးနွေးမှုဟာ ဆွေးနွေးမှုစကားဝိုင်းသက်သက်ဖြစ်မှာကို မလိုလားဘဲ အဖြေတစ်ခု ထုတ်ပေးနိုင်တဲ့ စကားဝိုင်းကိုသာ လိုလားတယ်လို့ ထရမ့် ကပြောကြားခဲ့ပါတယ်” ဟု Hong ကပြောကြားခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့် နျူကလီးယား နှင့် ဒုံးကျည် အစီအစဉ်များကို ဆက်လက်လုပ်ဆောင်ပါက စစ်ရေးအရ တိုက်ခိုက်သွားမည်ဟု အမေရိကန်နိုင်ငံ၏ ခြိမ်းခြောက်မှုကြောင့် ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုများ မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂ လ က အမေရိကန်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ၎င်းတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှု သမိုင်းတွင် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ပြီး နျူကလီးယားလောင်စာသုံး USS Carl Vinson လေယာဉ်တင်သင်္ဘော အုပ်စုသည် ဧပြီလအကုန်တွင် တောင်ကိုရီးယားနိုင်ငံရေတပ် နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် ကိုရီးယားကျွန်းဆွယ် အနီးသို့ ရောက်ရှိလာခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် (Rex Tillerson)၊ ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မတ်တစ် (James Mattis) နှင့် အမျိုးသားစုံစမ်းထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဒန်ကုတ်စ် (Dan Coats) တို့၏ ဧပြီလပူးတွဲထုတ်ပြန်ချက်အရ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယား နှင့် ဒုံးကျည် အစီအစဉ်များကို စွန့်လွှတ်ရန်အတွက် စီးပွားရေးပိတ်ဆို့မှုများ နှင့် သံတမန်နည်းအရ အရေးယူဆောင်ရွက်မှုများကို အသုံးချသွားရန် ထရမ့်က ဆန္ဒရှိနေကြောင်း သိရသည်။

ယင်းထုတ်ပြန်ချက်၌ အမေရိကန်နိုင်ငံသည် ကိုးရီးယားကျွန်းဆွယ်အတွင်း နျူကလီးယားကင်းစင်သော ငြိမ်းချမ်းမှုကို ဖော်ဆောင်ရန် စေ့စပ်ဆွေးနွေးမှု တံခါးဝများကို ဖွင့်လှစ်ပေးထားကြောင်း၊ တစ်ဖက်တွင်လည်း အမေရိကန်နိုင်ငံနှင့် ၎င်း၏မဟာမိတ်များကို ကာကွယ်ရန် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.