Connect with us

North America

အမေရိကန်နိုင်ငံတွင် e-cigarettee မှထွက်လာသော အငွေ့များ ရှူရှိုက်ခြင်းနှင့် ဆက်စပ်သော အဆုတ်ဒဏ်ဖြစ်မှု ၁,၅၀၀ နီးပါးရှိပြီး သေဆုံးသူ ၃၅ ဦးရှိလာ

e-cigarettee သောက်သုံးနေသူတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတစ်ဝန်း အောက်တိုဘာ ၁၅ ရက်အထိ e-cigarettee မှထွက်လာသော အငွေ့များ ရှူရှိုက်ခြင်းနှင့် ဆက်စပ်သော အဆုတ်ဒဏ်ဖြစ်မှု ၁,၄၇၉ ခုရှိကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) က အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်ကြောင့် အမေရိကန်ရှိ ပြည်နယ်၂၄ ခုတွင် ပျမ်းမျှ အသက် ၄၄ နှစ်အရွယ်ဝန်းကျင်အရွယ်ရှိသူ ၃၃ ဦး သေဆုံးခဲ့ကြောင်း CDC ဖော်ပြချက်အရ သိရသည်။

လွန်ခဲ့သည့်သုံးလအတွင်း e-cigarettee တွင် အသုံးပြုထားသောပါဝင်ပစ္စည်းများကြောင့် ရောဂါလက္ခဏာခံစားခဲ့ရသည့် လူနာ ၈၄၉ ဦးအနက် ၇၈ ရာခိုင်နှုန်းမှာ ဆေးခြောက်ဓာတ်ပေါင်းဖြစ်သော အဓိကစိတ်ကြွပစ္စည်း THC ပါဝင်သော ထုတ်ကုန်များ အသုံးပြုထားကြောင်း၊ ၁၀ ရာခိုင်နှုန်းမှာမူ နီကိုတင်းသီးသန့်ပါဝင်သော ထုတ်ကုန်များ အသုံးပြုထားကြောင်း CDC က ဖော်ပြထားသည်။

“ဒါက အလွန်ကိုရှုပ်ထွေးပြီး ခက်ခဲပါတယ်။ ဒီသေဆုံးနိုင်သော (သို့မဟုတ်) သေဆုံးရန် အလားအလာရှိသော အမှု ထက်ဝက်လောက်က အရေးပေါ်ကုသမှု လိုအပ်နေပါတယ်” ဟု CDC ၏ Principal Deputy Director ဖြစ်သူ Anne Schuchat က အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

e-cigarettee မှထွက်လာသော အငွေ့များ ရှူရှိုက်ခြင်းနှင့် ဆက်စပ်သော သေဆုံးမှုအရေအတွက် မြင့်တက်လာခြင်းက နိုင်ငံကို သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.