Connect with us

North America

ဗာဂျီးနီးယားပြည်နယ်တွင် သေနတ်ပစ်ခတ်မှုကြောင့် လူအများအပြား ဒဏ်ရာရရှိ

ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ဗာဂျီးနီးယားပြည်နယ်မြို့တော် Richmond ရှိ Greyhound ဘတ်စ်ကားဂိတ် အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဗာဂျီနီးယားပြည်နယ်တွင် မတ်လ၃၁ရက် က ဘတ်စ်ကားဂိတ်တစ်ခုတွင် သေနတ်သမား တစ်ယောက်၏ ပစ်ခတ်မှုကြောင့် ဗာဂျီးနီးယားပြည်နယ် ရဲတပ်ဖွဲ့ဝင် တစ်ဦးနှင့် ပြည်သူနှစ်ဦး သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး ယင်း သေနတ်သမား မှာ သေဆုံးခဲ့ကြောင်း ပြည်တွင်း မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

သေနတ်ပစ်ခတ်မှု သည် ဗာဂျီးနီးယားပြည်နယ်မြို့တော် Richmond ရှိ Greyhound ဘတ်စ်ကားဂိတ်တွင် ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ မူးယစ်ဆေးဝါး တန်ပြန်တိုက်ဖျက်ရေး လေ့ကျင့်ရေး မစ်ရှင် ပြုလုပ်နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း NBC သတင်းဌာနက ဖော်ပြခဲ့သည်။

ပြည်နယ်ရဲတပ်ဖွဲ့ဝင်တစ်ဦး သည် သေနတ်သမား၏ အနီးကပ်ပစ်ခတ်ခြင်း ခံခဲ့ရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း နှင့် အဆိုပါ သေနတ်သမားသည် အနီးရှိ ရဲတပ်ဖွဲ့ဝင် နှစ်ဦး၏ ပြန်လည်ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။
ပြည်တွင်းမီဒီယာများ၏ ကနဦးဖော်ပြချက်များအရ လူခြောက်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ရဲဝန်ထမ်းမှာ ဆေးရုံ၌ သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.