Connect with us

North America

ကမ္ဘာ့ အဝဆုံးလူသား ကိုယ်အလေးချိန် လျှော့ချရန် အစာအိမ်ခွဲစိတ်ကုသမှု ပြုလုပ်ပြီး ၂ လအကြာတွင် သေဆုံး

ကမာၻ႕ အဝဆံုးလူသား,ခြဲစိတ္ကုသမႈ,ေသဆံုး

မက္ကဆီကို စီးတီး၊ဒီဇင်ဘာလ ၂၇ရက် (ဆင်ဟွာ)

ကမ္ဘာ့ အဝဆုံးလူသား အဖြစ် သတ်မှတ်ခံထားရသူ သည် ကိုယ်အလေးချိန် လျှော့ချ ရန် ခွဲစိတ်ကုသမှု ပြုလုပ်ပြီး ၂ လအကြာတွင် မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း ၌ ဒီဇင်ဘာလ ၂၅ရက်နေ့က သေဆုံးခဲ့ ကြောင်း သိရသည်။

အသက် ၃၈နှစ် အရွယ် အန်ဒရေးစ် မိုရယ်နို (Andres Moreno) အမည်ရှိ လူဝကြီးသည် ရုတ်တရုတ် နှလုံး အမောဖောက်မှု နှင့် ဝမ်းဗိုက် နံရံ ရောင်ရမ်းခြင်း ဝေဒနာများ ကြောင့် ဆိုနိုရာ ပြည်နယ် တောင်ပိုင်း Ciudad Obregon ၌ သေဆုံးခဲ့ကြောင်း ၎င်း၏ မိသားစုများက အတည်ပြု ပြောကြားခဲ့သည်။

ကိုယ်အလေးချိန် ၄၅၀ ကီလိုဂရမ် ရှိသည့် မိုရယ်နိုသည် အဝလွန်မှု မှ လွတ်မြောက်ပြီး သာမန် ဘဝ ဖြင့် အသက်ရှင်နေထိုင်သွားရန် ရည်ရွယ်ချက်ဖြင့် အစာအိမ် ခွဲစိတ်မှု တစ်ခု အား အောက်တိုဘာလ ၂၈ရက်နေ့ က မက္ကဆီကို အနောက်အလယ်ပိုင်း ဂျာလီစကို ပြည်နယ် ရှိ Guadalajara မြို့၌ ပြုလုပ်ခဲ့သည်။

အဆိုပါခွဲစိတ်မှု ၌ မိုရယ်နို၏ အစာအိမ် လေးပုံသုံးပုံ အား ဖယ်ထုတ်ခြင်း နှင့် အစား များများ စားသောက်ခြင်းမှ ကာကွယ်ရန် အစာအိမ်အရွယ်အစား ချုံ့ခြင်း တို့ ကိုပြုလုပ်ခဲ့ကြောင်း ဆေးပညာ နေ့စဉ် သတင်းစာက အောက်တိုဘာလတွင် ဖော်ပြခဲ့သည်။

အစောပိုင်း ကာလများ၌ ခွဲစိတ်မှု အောင်မြင်ခဲ့သည် ဟု သုံးသပ်ခဲ့သော်လည်း ခရစ်စမတ်နေ့ နံနက်ပိုင်းတွင် မိုရယ်နိုသည် အသက်ရှူရန် ခက်ခဲလာသောကြောင့် အရေးပေါ်ကားနှင့် ဆေးရုံ သို့ သွားရောက်ခဲ့သော်လည်း လမ်းခရီးတွင် သေဆုံးခဲ့ကြောင်း သိရသည်။

မိုရယ်နိုသည် ကိုယ်အလေးချိန် ၁၀၀ကီလိုဂရမ်အထိ လျှော့ချနိုင်ရန် အောက်တိုဘာလ၌ ခွဲစိတ်မှု များအားပြုလုပ်ခဲ့ပြီး နိုဝင်ဘာလ ၁၉ရက်နေ့တွင်လည်း ပြင်းထန်သော ဝမ်းဗိုက်နာကျင်မှု ဖြစ်ပွား လာသောကြောင့် ပြည်နယ် အထွေထွေ ဆေးရုံ ၌ အရေးပေါ် ခွဲစိတ်မှု ပြုလုပ်ခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.