Connect with us

North America

ခရစ္စမတ်ကာလအတွင်း အမေရိကန်နိုင်ငံဟူစတန်၌ မီးလောင်မှုများဖြစ်ပွား၊ ၂ ဦးသေဆုံး

အမေရိကန်နိုင်ငံဟူစတန်၌ ခရစ္စမတ်မတိုင်မီတစ်ရက်က နေအိမ်မီးလောင်မှုဖြစ်ပွားပြီးနောက် မြင်တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟူစတန် ၊ ဒီဇင်ဘာ ၂၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်၌ ခရစ္စမတ်ကာလအတွင်း ခရစ္စမတ်နေ့နှင့် ပွဲတော်နေ့မတိုင်မီ မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာဟူစတန်မြို့သား နှစ်ဦးသေဆုံးပြီး အခြား သုံးဦးထိခိုက်ဒဏ်ရရခဲ့ကြောင်း သိရသည်။

ဟူစတန်မီးသတ်တပ်ဖွဲ့က ဒီဇင်ဘာ ၂၅ ရက်တွင် အတည်ပြုရာ၌ ခရစ္စမတ်နေ့နံနက်ခင်းပိုင်းတွင်ဖြစ်ပွားသော မီးလောင်မှုတွင် အသက် ၈၃ နှစ်အရွယ် အဖွားအိုတစ်ဦးသေဆုံးခဲ့ရကြောင်း ၊ အဆိုပါ မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းအရင်းကိုလည်းကောင်း(သို့မဟုတ်) အဖွားအိုမှာတစ်ဦးတည်းနေထိုင်သူ ဟုတ်မဟုတ်ကိုလည်းကောင်း မသိရှိရသေးကြောင်း ဆိုသည်။

မီးသတ်သမားများက နေအိမ်မီးဖိုချောင်အနီး လှေကားရင်းတွင် သတိလစ်မေ့မြောနေသော အဖွားအိုကို ၎င်း၏နေအိမ်အတွင်းမှာ သယ်ထုတ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

ခရစ္စမတ်မတိုင်မီတစ်ရက်အလို ဒီဇင်ဘာ ၂၄ ရက်က လူငယ်တစ်ဦးသည် ဟူစတန်မြို့အနောက်တောင်ပိုင်းရှိ တိုက်ခန်းမီးလောင်မှုတစ်ခုအတွင်း သေဆုံးသွားခဲ့ကြောင်း ၊ အဆိုပါလူအသေအပျောက်ရှိခဲ့သည့် မီးလောင်မှုကြောင့် မိသားစုပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ လူငယ်၏ အသက်အရွယ်ကိုမီးသတ်တပ်ဖွဲ့ကအတည်ပြုပြောကြားခဲ့ခြင်း မရှိပေ။သို့သော် အချင်းဖြစ်မိသားစုဝင်များက ပြောကြားချက်အရ လူငယ်မှာ အသက် ၁ဝ နှစ်ရှိကြောင်းသိရသည်။

ကလေး၏ ဖခင် နှင့် မီးသတ်သမားတစ်ဦးအပါအဝင် အခြားလူသုံးဦး မီးလောင်မှုအတွင်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မီးသတ်ဌာနက ဆိုသည်။

ဟူစတန်ရဲတပ်ဖွဲ့(HPD) က ခရစ္စမတ်ပွဲတော်ဆင်နွှဲကြမည့် မိသားစုဝင်များ နှင့် မိတ်ဆွေအပေါင်းအသင်းများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေး ညွှန်ကြားချက်တစ်ခုကို ထုတ်ပြန်ထားပြီး ပြည်သူများအနေဖြင့် ဈေးဝယ်စင်တာ ၊ ကားပါကင်များ နှင့် ခရီးသွားလာစဉ် သတိထားနေထိုင်ကြရန် အသိပေးထားသည်။

ထို့ပြင် ပြည်သူများအနေဖြင့် မိမိနေအိမ်ရှိအဖိုးတန်ပစ္စည်းများကို ဓာတ်ပုံ(သို့မဟုတ်) ဗီဒီယိုမှတ်တမ်းများ ရိုက်ကူးထားကြရန် HPD က အကြံပြုထားပြီး အဆိုပါ အချက်အလက်များကို တရားဝင် HPD ၏ လှုပ်ရှားမှုမှတ်တမ်း “ Operation I.D ” သို့ပေးပို့ထားကြရန်လည်း အကြံပြုထားသည်။

“ ပစ္စည်းအခိုးခံရတာမျိုး ဒါမှမဟုတ် မီးလောင်ခံရတာမျိုးမှာ အာမခံလျော်ကြေးငွေပြန်ရဖို့အဲဒါက အထူးကောင်းမွန်တဲ့အစီအစဉ်ပါ” ဟု ညွှန်ကြားချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.