Connect with us

North America

အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် ကားပါကင်မီးလောင်မှုကြောင့် လူ တစ်ဦးသေ၊ ၄ဦး ဒဏ်ရာရရှိ

အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် ကားပါကင်မီးလောင်နေစဉ် (ဓါတ်ပုံ-အင်တာနက်)

ချီကာဂို၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ချီကာဂိုမြို့ ရှိ အထပ်မြင့်ကားပါကင်တစ်ခုတွင် ဒီဇင်ဘာ ၂၉ ရက် နေ့လည်ပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ တစ်ဦးသေဆုံးပြီး အခြားလူ ၄ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာ တစ်ခုကဖော်ပြခဲ့သည်။

ချီကာဂိုမြို့ မြို့လယ်ခေါင်ဧရိယာ အနီးရှိ ၁၀ထပ်အမြင့်ရှိသော ကားပါကင် အပေါ်ဆုံးထပ်၌ အလုပ်သမားများ အလုပ်လုပ်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။အလုပ်သမားတစ်ဦး အခင်းဖြစ်ပွားရာ၌ပင် သေဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိသူ အခြားအလုပ်သမားများကို ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။သေဆုံးဒဏ်ရာရရှိသူများ၏ ကိုယ်ရေးအချက်အလက်များကို ထုတ်ပြန်ကြေညာခြင်းမရှိသေးဘဲ မီးလောင်မှုအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)