Connect with us

North America

မက္ကဆီကို အနောက်မြောက်ပိုင်းတွင် သတင်းသမားတစ်ဦး အသတ်ခံရ

အသတ်ခံရသည့် မက္ကဆီကိုလူမျိုး သတင်းသမား လူစီရာနို ရီဗာရာ အားတွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကို စီးတီး၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ အနောက်မြောက်ပိုင်း ဘာဂျာ ကယ်လီဖိုးနီးယား ပြည်နယ် ရိုစာရီတိုမြို့ ရှိ အရက်ဘားတစ်ခုတွင် ဇူလိုင် ၃၁ ရက် နံနက်အစောပိုင်း၌ လူစီရာနို ရီဗာရာ အမည်ရှိ မက္ကဆီကိုလူမျိုး သတင်းသမားတစ်ဦး အသတ်ခံခဲ့ရကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့် Tijuanan မြို့ မှ ၁၆ကီလိုမီတာအကွာ ရိုစာရီတိုမြို့ အလယ်ပိုင်းရှိ အရက်ဘားတစ်ခုတွင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်ရှေ့နေချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်နေပြီး Alfredo N., အမည်ရှိ အမျိုးသားတစ်ဦးအား တက္ကစီကားအတွင်း လက်နက်သယ်ဆောင်ကာ သွားလာမှုဖြင့် ရဲတပ်ဖွဲ့ကဖမ်းဆီးထားကြောင်း သိရသည်။

အသက် ၃၃နှစ်အရွယ် ရီဗာရာ သည် ပြည်တွင်းရုပ်သံလိုင်း CNR TV Noticias မှ အယ်ဒီတာတစ်ဦး ဖြစ်သည့်အပြင် သတင်းဝက်ဘ်ဆိုက်တစ်ခုအတွက် သတင်းထောက်အဖြစ် လုပ်ကိုင်ပေးနေသူ တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

မျက်မြင်တွေ့မြင်ခဲ့သူများက ရီဗာရာ၏ ဦးခေါင်းတွင် သေနတ်ကျည်ဆန်ထိမှန်ခဲ့သည် ဟု ပြောကြားကြောင်း ၊ စုံစမ်းစစ်ဆေးမှုအတွင်း သံသယရှိသူအား ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

CNR TV Noticias ရုပ်သံလိုင်းက ရီဗာရာ သည် ရိုစာရီတိုမြို့ နှင့် ဘာဂျာ ကယ်လီဖိုးနီးယား ပြည်နယ် တို့တွင် ဖြစ်ပွားနေသော အခြေအနေမငြိမ်သက်မှု နှင့် လုံခြုံရေးကင်းမဲ့မှုတို့၏ သားကောင်ဖြစ်ခဲ့ရကြောင်း သတင်း၌ဖော်ပြခဲ့သည်။

ရီဗာရာ သည် မက္ကဆီကိုနိုင်ငံတွင် မတ်လမှစ၍ အသတ်ခံရသည့် သတင်းသမားများအနက် ရှစ်ယောက်မြောက် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.