Connect with us

North America

ခေတ်သစ် ပိုးလမ်းမကြီး ဖိုရမ် တက်ရန် ကိုယ်စားလှယ်အဖွဲ့ အမေရိကန် စေလွှတ်

တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့်ရထားနှင့် ခရီးသည်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် မေလ ၁၄ ရက်မှ ၁၅ ရက်အထိ ပြုလုပ်မည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ခေတ်သစ် ပိုးလမ်းမကြီး ဖိုရမ်သို့ တက်ရောက်ရန် ကိုယ်စားလှယ်အဖွဲ့အား အမေရိကန်နိုင်ငံက စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း မေလ ၁၂ ရက် ဒေသစံတော်ချိန် ညပိုင်းတွင် အမေရိကန် အစိုးရက ပြောကြားလိုက်သည်။

တရုတ်နိုင်ငံ၏ ခေတ်သစ် ပိုးလမ်းမကြီး အစပျိုး ဖော်ဆောင်မှုက အရေးကြီးကြောင်း အမေရိကန် သဘောပေါက်ခဲ့ပြီး ဖိုရမ် တက်ရောက်ရန် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဋ္ဌာနမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

လာမည့် ဖိုရမ်၌ အဖွဲ့အစည်းများအားလုံးသည် အဓိက ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများအား ဖော်ထုတ်ကြမည် ဖြစ်ပြီး အလုပ်အဖွဲ့များ ဖွဲ့စည်းခြင်း၊ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးစင်တာ တည်ထောင်ရေးများ လုပ်ဆောင်မည် ဖြစ်သည်။ ထို့ပြင် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများအတွက် အထောက်အပံ့ဖြစ်စေရန် ငွေကြေးဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးရန်လည်း ရှိသည်။

ပြီးခဲ့သည့်လက အမေရိကန်နိုင်ငံ ဖလော်ရီဒါရှိ မာအာလာဂို စံအိမ်တော်တွင် တရုတ် သမ္မတ ရှီကျင့်ဖိန်က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံခဲ့စဉ်က ခေတ်သစ် ပိုးလမ်းမကြီး အစပျိုး ဖော်ဆောင်မှုတွင် အမေရိကန် ပါဝင်လာခြင်းအတွက် တရုတ်က ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံအပြီး တစ်လခန့်အကြာတွင် အမေရိကန် သမ္မတ ထရမ့်၏ ရက် ၁၀၀ စီမံချက်အရ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုကဏ္ဍ၊ ငွေကြေး ဝန်ဆောင်မှုကဏ္ဍများနှင့် စွမ်းအင်ကဏ္ဍ ကဲ့သို့သော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကနဦး ကတိကဝတ်များ သဘောတူခဲ့ကြကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဋ္ဌာနအရ သိရသည်။

လက်ရှိတွင် နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က ခေတ်သစ် ပိုးလမ်းမကြီး အစပျိုး ဖော်ဆောင်မှုအပေါ် အကျယ်တဝင့် ပြောဆိုထားကြောင်း၊ ယင်းအနက် ၄၀ ကျော်မှာ တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု လက်မှတ်ရေးထိုးပြီး ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.