Connect with us

North America

ခေတ်သစ် ပိုးလမ်းမကြီး အစပျိုး ဖော်ဆောင်မှုကို ခေတ်မီ အဝေးပြေးလမ်းမကြီးအဖြစ် အမေရိကန် ကျွမ်းကျင်ပညာရှင်က ဟောကိန်းထုတ်

တရုတ်နိုင်ငံရှိ ဆိပ်ကမ်း တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ မေ ၁၂ ရက် (ဆင်ဟွာ)

ကမ္ဘာ့ စီးပွားရေးတွင် ဒီဂျစ်တယ်စနစ်၏ အရေးပါသော နေရာ တိုးတက်လာသည်နှင့်အညီ ခေတ်သစ် ပိုးလမ်းမကြီး အစပျိုး ဖော်ဆောင်မှုက ကုန်စည် စီးဆင်းမှု တစ်ခုတည်းကိုသာမကဘဲ တိုက်ကြီးများအတွင်းရှိ နိုင်ငံများသို့ သတင်းအချက်အလက်၊ အသိပညာနှင့် ဝန်ဆောင်မှုများကိုပါ ဆောင်ကျဉ်းပေးမည့် ခေတ်မီ အဝေးပြေးလမ်းမကြီး တစ်ခုအဖြစ် ပြောင်းလဲသွားစေမည် ဖြစ်ကြောင်း အမေရိကန် ကျွမ်းကျင်သူ တစ်ဦးက ဟောကိန်းထုတ်လိုက်သည်။

“လာမဲ့ ဆယ်စုနှစ်များအတွင်း နည်းပညာတွေနဲ့ မြို့တွေကို အသေအချာ ပြောင်းလဲနိုင်မှာဖြစ်ပါတယ်၊ ခေတ်သစ် ပိုးလမ်းမကြီး အပါအဝင် ကမ္ဘာကြီးတစ်ဝန်းရှိ အခြေခံ အဆောက်အအုံတွေလဲ အလားတူ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု ခေတ်မီ မြို့များ ဖော်ဆောင်ရေးအတွက် အကြံပေးလုပ်ငန်း တစ်ခုဖြစ်သော Global Futures Group (GFG) ၏ ပူးတွဲ တည်ထောင်သူဂျယ်ရီဟယ်တင်က နယူးယောက်စီးတီးတွင် ပြုလုပ်သော World Trade Week ၌ ဆင်ဟွာ၏ တွေ့ဆုံ မေးမြန်းမှုအား ပြန်လည် ဖြေကြားခဲ့သည်။

၂၁ ရာစု နည်းပညာများ ဖြစ်သော Broadbamd နှင့် ကြိုးမဲ့စနစ်၊ မိုဘိုင်းဖုန်းများ၊ ဂျီပီအက်စ်ကဲ့သို့သော ကမ္ဘာ့ တည်နေရာရှာဖွေရေး ဝန်ဆောင်မှုများ၊ Big Data ၊ Cloud ၊ အလိုလျောက် မောင်းနှင်သောယာဉ်များနှင့် ကြိုတင် ခန့်မှန်းဟောကိန်းထုတ်မှုများအား ရည်ညွှန်းကာ ဟယ်တင်က ဆိုလိုခြင်း ဖြစ်သည်။

ထိုကဲ့သို့ နည်းပညာများ အသုံးပြုကာ ခေတ်သစ် ပိုးလမ်းမကြီး အစပျိုး ဖော်ဆောင်မှုအား အစမှ အဆုံးထိတိုင်အောင် ပြသသွားမည် ဖြစ်ကြောင်း ဒီဇိုင်းနှင့် တည်ဆောက်ရေးပိုင်းတွင် ဘူမိ အချက်အလက်များနှင့် ကွန်ပျူတာ ဒီဇိုင်းရေးဆွဲခြင်း၊ လုပ်ဆောင်ပုံများကို အာရုံခံ ကိရိယာ အသုံးပြု စောင့်ကြည့်ခြင်းဖြင့် လုပ်ငန်းလည်ပတ်မှုနှင့် ပြင်ဆင် ထိန်းသိမ်းမှုများ လုပ်ဆောင်ခြင်း၊ သယ်ယူပို့ဆောင်ရေး စနစ်တွင်လည်း မောင်းသူမဲ့ ထရပ်ကားများကဲ့သို့ ခရီးသွားလာမှုများ စသည်ဖြင့် ပေါ်ပေါက်လာမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

တရုတ်နိုင်ငံက ၂၀၁၃ ခုနှစ်တွင် အဆိုပြုထားခဲ့သော ခေတ်သစ် ပိုးလမ်းမကြီး အစပျိုး ဖော်ဆောင်မှုတွင် ပိုးလမ်းမကြီး စီးပွားရေးနှင့် ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီးလည်း ပါဝင်ကြောင်း သိရသည်။ ထို လမ်းမကြီးသည် ရှေးဟောင်း ပိုးလမ်းမကြီး ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက်ရှိ ဥရောပနှင့် အာဖရိကဒေသနှင့် အာရှဒေသကို ချိတ်ဆက်သွားရန် ရည်ရွယ်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.