Connect with us

North America

အမေရိကန် သမ္မတဟောင်းကတော် နန်စီရေဂန် အသက် ၉၄ နှစ်တွင် ကွယ်လွန်

အမေရိကန် သမ္မတဟောင်းကတော် နန်စီရေဂန် အားတွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဝါရှင်တန်၊ မတ် ၇ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတဟောင်းကတော် အသက် ၉၄ နှစ်အရွယ် နန်စီ ဒေးဗစ် ရေဂန် (Nancy Davis Reagan) သည် မတ်လ ၆ ရက်က လော့စ်အိန်ဂျ လစ်ရှိ ၎င်း၏နေအိမ်မှာပင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်း၏ ရုံးက ကြေညာခဲ့သည်။

နန်စီရေဂန်သည် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီး ၎င်းအား ကယ်လီဖိုးနီးယားရှိ Ronald Reagan Presidential Library ၌တည်ရှိသည့် ၂၀၀၄ ခုနှစ်တွင် ကွယ်လွန်ခဲ့သည့် ၎င်း၏ ခင်ပွန်း သမ္မတ ဟောင်း ရော်ဂင် ဝီလ်ဆင် ရေဂန်၏ အုတ်ဂူဘေး၌ ဂူသွင်းမြှုပ်နှံမည် ဖြစ်သည်။

အမေရိကန်နိုင်ငံ၏ ၄၀ ဦးမြောက် သမ္မတ ရော်နယ် ရေဂန်၏ ကတော် နန်စီအား ၁၉၂၁ ခုနှစ် ဇူလိုင်လ ၆ ရက်တွင် နယူးယောက်မြို့၌ မွေးဖွားခဲ့သည်။ မက်ဆာချူးဆက်ပြည်နယ်ရှိ Smitt ကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး နောက် အောင်မြင်သည့် မင်းသမီး တစ်ဦး ဖြစ်လာခဲ့ပြီး ၁၉၄၉ ခုနှစ်မှ ၁၉၅၆ ခုနှစ်အထိ ဇာတ်ကားပေါင်း ၁၁ ခု၌ ပါဝင် သရုပ်ဆောင်ခဲ့သည်။

လူငယ်များအား မူးယစ်ဆေးဝါးနှင့် အရက်စွဲမှုအား တိုက်ဖျက်ရေး အာရုံစိုက် လုပ်ဆောင်သူအဖြစ် ကျော်ကြားခဲ့ သူတစ်ဦးလည်း ဖြစ်သည်။ ၎င်းတို့ ဇနီးမောင်နှံ၌ သမီး Patricia Ann နှင့် သား Ranald Prescott တို့ ကျန်ရှိခဲ့ ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.