Connect with us

North America

မစ်ချီဂန်လေဆိပ်၌ ဖြစ်ပွားခဲ့သော ဓားဖြင့်တိုက်ခိုက်မှုမှာ အကြမ်းဖက်မှုဖြစ်ကြောင်း FBI ပြော

အမေရိကန်နိုင်ငံ မစ်ချီဂန်လေဆိပ်၌ လုံခြုံရေးတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ချီကာဂို ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အလယ်အနောက်ပိုင်း မစ်ချီဂန်လေဆိပ်၌ ဖြစ်ပွားခဲ့သော ဓားဖြင့်တိုက်ခိုက်မှုအား စုံစမ်းစစ်ဆေးခဲ့ရာတွင် ၎င်းမှာ “ အကြမ်းဖက်တိုက်ခိုက်မှု” တစ်ခုဖြစ်ကြောင်း ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို(FBI) က ဇွန်လ ၂၁ ရက်တွင်ပြောကြားလိုက်သည်။

ဇွန်လ ၂၁ ရက် နံနက်ပိုင်းတွင် မစ်ချီဂန်လေဆိပ်၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကို ကနေဒါနိုင်ငံသားတစ်ဦးက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း FBI က အတည်ပြုနိုင်ခဲ့သည်ဟု တာဝန်ရှိသူများက ဆိုသည်။

သံသယရှိသူမှာ အသက် ၅ဝ နှစ်အရွယ်ရှိ ကနေဒါနိုင်ငံသား Amor Ftouhi ဖြစ်ကြောင်း ၊ ၎င်းသည် ၂ဝ၁၆ ခုနှစ် ဇွန်လတွင် အမေရိကန်နိုင်ငံသို့ဝင်ရောက်ခဲ့ကြောင်း မစ်ချီဂန်ပြည်နယ် Flint မြို့၌ ပြုလုပ်သော ရုပ်မြင်သံကြားသတင်းစာရှင်းလင်းပွဲ တစ်ခု၌ FBI အထူးစုံစမ်းစစ်ဆေးရေးမှူး David Gelios က ပြောကြားခဲ့သည်။

FBI အရာရှိအဆိုအရ Flint မြို့ Bishop နိုင်ငံတကာလေဆိပ်၌ ရဲအရာရှိ Jeff Neville အား အရှည် ၃ဝ စင်တာမီတာရှိ ဓားဖြင့်တိုက်ခိုက်မှု မပြုလုပ်မီ Ftouhi သည် “ အလ္လာအက်ဘာ” သို့မဟုတ် “ ကြီးကျယ်မြင့်မြတ်သော အလ္လာ” ဟု ဟစ်အော်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခံခဲ့ရသော Neville သည် ကောင်းမွန်သက်သာသော အခြေအနေတွင် ရှိနေကြောင်း ၊ အဆိုပါတိုက်ခိုက်မှုအား မြေခွေးကဲ့သို့ကောက်ကျစ်စဉ်းလဲသော တိုက်ခိုက်မှုအဖြစ် FBI အရာရှိ Gelios က ပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.