Connect with us

North America

ဒုတိယအကြိမ်မြောက် ထရမ့်-ကင် ထိပ်သီးဆွေးနွေးပွဲ “ဖေဖော်ဝါရီလကုန်ပိုင်း” တွင် ပြုလုပ်နိုင်ဖွယ်ရှိ

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ယာ) နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) တို့အကြား ဒုတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲကို “ဖေဖော်ဝါရီလကုန်ပိုင်းတွင် ပြုလုပ်နိုင်ဖွယ်ရှိကြောင်း” အိမ်ဖြူတော်က ဇန်နဝါရီလ ၁၈ ရက်တွင် ပြောကြားလိုက်သည်။

ထရမ့်သည် ဘဲဥပုံရုံးခန်း၌ မြောက်ကိုရီးယားနိုင်ငံရှိ အာဏာရပါတီဖြစ်သော ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ကင်ယုံချွဲ (Kim Yong Chol) နှင့် တွေ့ဆုံပြီးနောက် ယခုကဲ့သို့ ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

“သမ္မတ ဒေါ်နယ် ဂျေ ထရမ့်က ကင်ယုံချွဲနဲ့ တစ်နာရီခွဲကြာ တွေ့ဆုံပြီး နျူကလီးယားကင်းစင်ရေးနဲ့ ဒုတိယ အကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲကို ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာ ပြုလုပ်နိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်” ဟု အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ဆာရာဆန်ဒါးစ် (Sarah Sanders) က ကြေညာချက်တွင် ဖော်ပြထားသည်။

“သမ္မတက ခေါင်းဆောင် ကင်နဲ့တွေ့ဆုံဖို့ မျှော်လင့်နေပြီး နေရာကိုတော့ နောက်ပိုင်းမှာ ကြေညာသွားပါမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.