Connect with us

North America

အရက်သောက်ခြင်းဖြင့် စိတ်ညစ်မှု ကို မပျောက်ပြယ် နိုင်ဘဲ ပိုမို စိတ်ညစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိ

အရက် ပုလင်းများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ၌ တိရစ္ဆာန် များအပေါ် ပြုလုပ်သည့် သိပ္ပံ သုတေသန တစ်ခု တွင် အရက်အတွင်း ပါဝင်သော အယ်လ်ကိုဟော ဓာတ် သည် စိုးရိမ်ကြောက်လန့်စေသည့် အရာများကို မေ့ပျောက်စေနိုင်စွမ်းမရှိဘဲ ပိုမို စိတ်ရှုတ်ထွေးမှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း သက်သေပြနိုင်ခဲ့သည်။

စာရင်းပြုစုချက်များအရ အမေရိကန် နိုင်ငံ တွင် ၈ ရာခိုင်နှုန်းသောသူ များသည် စိတ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာ ရရှိမှု ၏ နောက်ဆက်တွဲ လက္ခဏာ များ ကို ပုံစံအမျိုးမျိုး ဖြင့်ခံစားနေရပြီး အငြိမ်းစား စစ်သားများတွင် ၁၁ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်းအထိ ရှိကြောင်း ၊ ထိုထဲမှ ရာခိုင်နှုန်း ၆၀ မှ ၈၀ သော လူနာများသည် အရက်သောက်ခြင်းဖြင့် မိမိကိုယ်ကို ကုသမှုများ ဆောင်ရွက်နေကြောင်း သိရှိရသည်။

အယ်လ်ကိုဟော ဓာတ် သည် စိုးရိမ်ကြောက်လန့်မှု ကိုပျောက်ပြယ်နိုင်ခြင်းရှိမရှိ ကို စမ်းသပ် သည့် အနေဖြင့် အမေရိကန် နိုင်ငံ Johns Hopkins တက္ကသိုလ် ဆေးပညာ ဌာန မှ သုတေသန သမားများသည် ကြွက်ဖြင့် လက်တွေ့ စမ်းသပ်မှု များပြုလုပ်ခဲ့ကြသည်။ စမ်းသပ်မှု တွင် ကြွက်များအား စိုးရိမ်ကြောက်လန့်စိတ်ဖြစ်ပေါ်အောင် ပြုလုပ်ခဲ့ပြီး ၎င်းကြွက်များအား အဖွဲ့နှစ်ဖွဲ့ခွဲကာ တစ်ဖွဲ့အား ပုံမှန်ရေသာ သောက်သုံးစေပြီး ကျန်တစ်ဖွဲ့အား အယ်လ်ကိုဟော ဓာတ် ၂၀ ရာခိုင်နှုန်းပါသည့် ရေကို သောက်သုံးစေခဲ့သည်။

နောက်တစ်နေ့တွင် သုတေသန သမားများက ထိုအဖွဲ့နှစ်ဖွဲ့ခွဲထားသည့် ကြွက်များအား ယခင် ပြုလုပ်ခဲ့သည့် စိုးရိမ်ကြောက်လန့်မှု မျိုးပြန်လည် ခံစားစေအောင် ပြုလုပ်ခဲ့ရာတွင် အယ်လ်ကိုဟော ဓာတ် ပါဝင်သည့် ရေများသောက်သုံးခဲ့သည့် ကြွက်များသည် ၎င်းတို့ခန္ဓာကိုယ် မှ Glutamic acid ထွက်ရှိမှု သည် ပိုမို လျော့နည်း နေကြောင်း တွေ့ရှိရသည်။ Glutamic acid သည် မပျော်ရွှင်စေသည့် မှတ်ဉာဏ်များကို ပယ်ဖျက်ရန် အတွက် အထောက်အကူ ပြုသည့် ဓာတ် ဖြစ်သည်။

သုတေသန တွင် ပါဝင်ခဲ့သည့် Johns Hopkins တက္ကသိုလ် မှ ပါမေက္ခ က ယခု လေ့လာတွေ့ရှိမှု သည် လူသားများအပေါ် စမ်းသပ် အတည်ပြုနိုင်ပါက စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပေါ်လာပုံ နှင့် ကုသရန် အတွက် များစွာ အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဤသုတေသန စာတမ်း အား “Transformational Psychiatry” မဂ္ဂဇင်း တွင် ဖော်ပြ ခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.