Connect with us

North America

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြောက်ကိုရီးယားအပေါ် အသစ်ထပ်တိုး ပိတ်ဆို့မှုများ ပြလုပ်သွားမည်ဟု ဆို

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ဆိုခွင့်ရှိသူ Nauert သတင်းစာရှင်းလင်းပွဲတွင် ပြောကြားစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၇ ရက် (ဆင်ဟွာ)

အမေရိကန်က မြောက်ကိုရီးယားအပေါ် အသစ်ထပ်တိုးပိတ်ဆို့မှုများပြုလုပ်သွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nauert က ၆ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဆိုပါသည်။၎င်းကြေညာချက်တွင် မြောက်ကိုရီးယားနိုင်ငံသားတစ်ဦး မလေးရှားနိုင်ငံ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဓာတုပစ္စည်းသုံး၍အသတ်ခံရကြောင်း ၊အမေရိကန်က ၎င်းနိုင်ငံ၏ သက်ဆိုင်ရာ ဥပဒေများနှင့်အညီ မြောက်ကိုရီးယားကို အသစ်ထပ်တိုးပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ၎င်းထပ်တိုးပိတ်ဆို့မှုများမှာ မေလ ၅ ရက်နေ့တွင် စတင် အသက်ဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော် အမေရိကန်ဘက်က မည့်ကဲ့သို့ပိတ်ဆို့မှုများ ထပ်တိုးမည်ကိုမူ အတိအကျ ဖော်ပြမှုမရှိသေးပါ။

၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံသားတစ်ဦး မလေးရှားနိုင်ငံ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေဆုံးခဲ့ရသည့်ကိစ္စရပ်နှင့်စပ်လျဉ်း၍ မြောက်ကိုရီးယားက အမေရိကန်နှင့် တောင်ကိုရီးယားက ၎င်းအားတိုက်ခိုက်စွပ်စွဲခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားဗဟို သတင်းအေဂျင်စီ (KCNA) ၏ ၂၀၁၇ ခုနှစ် မေလတွင် ရေးသားသောဆောင်းပါး၌ တုန့်ပြန်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.