Connect with us

North America

နာဆာ၏ ဂျူနိုအာကာသယာဉ်သည် ဂျူပီတာ ဂြိုဟ်ပတ်လမ်းထဲ ဝင်ရောက်ပြီဖြစ်

ဂျူနိုအာကာသယာဉ်အား ဂြိုဟ်ပတ်လမ်းပေါ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ် ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

နာဆာမှ လွှတ်တင်ထားသော ဂျူနို အာကာသယာဉ်သည် အာကာသ အတွင်း ငါးနှစ်ကြာ မောင်းနှင်ပြီးနောက် ဇူလိုင်လ ၅ ရက် အမေရိကန် စံတော်ချိန် ည ၈ နာရီ ၅၃ မိနစ်တွင် ဂျူပီတာ ဂြိုဟ်ပတ်လမ်းထဲသို့ချဉ်းကပ် ဝင်ရောက်သွားပြီ ဖြစ်ကြောင်း အမေရိကန် အာကာသ အေဂျင်စီ (NASA) က အတည်ပြု ပြောကြားသည်။

“ အင်ဂျင်လောင်ကျွမ်းမှုက လုံးဝ ပြီးပြည့်စုံပါတယ်။ အာကာသယာဉ်ကတော့ ဂြိုဟ်ပတ်လမ်းထဲ ဝင်ရောက်သွားပါပြီ။ ဂျူပီတာဂြိုဟ်ရဲ့ လျှို့ဝှက်ချက်အားလုံးကို ဖော်ထုတ်ဖို့အဆင်သင့်ဖြစ်နေပါပြီ” ဟု ဂျူနိုခရီးစဉ် အကောင့်ဖြင့် ဖွင့်လှစ်ထားသော Twitter လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် ရေးသား ဖော်ပြထားသည်။
“ အာကာသယာဉ်ရဲ့ အဓိက အင်ဂျင် အစိတ်အပိုင်းလောင်ကျွမ်းမှုကို ဒေသစံတော်ချိန် ၈ နာရီ ၁၈ မိနစ်မှာ အတည်ပြုနိုင်ခဲ့ပါတယ်။ အဲဒီ လောင်ကျွမ်းမှုဟာ ဂျူပီတာ ဂြိုဟ်ပတ်လမ်းထဲ အာကာသယာဉ် ဝင်ရောက်သွားပြီလို့အဓိပ္ပါယ်ဖွင့်နိုင်သလို ၊ဒါမှမဟုတ် ဂျူနိုခရီးစဉ် ( JOI ) လုပ်ဆောင်မှုအဖွဲ့နဲ့အင်ဂျင်ခန်း အလုပ်စတင်လုပ်နေပြီးလို့ရည်ညွန်းတာနဲ့အတူတူပါပဲ ” ဟု တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။
၃၅ မိနစ်ကြာ လောင်ကျွမ်းမှုအပြီးတွင် ဂျူနိုအာကာသယာဉ်ကို ဂျူပီတာဂြိုဟ်၏ ဆွဲငင်အားက ဂြိုဟ်ပတ်လမ်းထဲ ဆွဲသွင်းလိုက်ကြောင်း နှင့် ၎င်းအာကာသယာဉ်သည် ဦးတည်ရာနေရာသို့ ချဉ်းကပ် ဝင်ရောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.