Connect with us

North America

နယူးယောက်ရှိ စင်ထရယ် ပန်းခြံ ပေါက်ကွဲမှုတွင် အမျိုးသား တစ်ဦး ဒဏ်ရာရပြီးနောက် ပန်းခြံ ပိတ်ထား

ပန်းခြံပေါက်ကွဲမှုတွင် ဒဏ်ရာရထားသည့် အမျိုးသားအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

နယူးယောက်မြို့ရှိ စင်ထရယ် ပန်းခြံတွင် ဇူလိုင်လ ၃ ရက်က ပေါက်ကွဲမှု တစ်ခုတွင် အမျိုးသား တစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

၅ လမ်းနှင့် ၆၂ လမ်းထောင့်ရှိ ပန်းခြံ၏ တောင်ဘက်ပိုင်း၌ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရဲများ စုံစမ်းစစ်ဆေးမှု များ ပြုလုပ်ရန်အတွက် ယင်း ပန်းခြံ၏ နေရာ တချို့အား ပိတ်ထားခဲ့ရကြောင်း သိရသည်။
ပေါက်ကွဲမှု ဖြစ်ပွားရခြင်း အကြောင်းရင်းအား မသိရသေးသော်လည်း ဇူလိုင်လ ၄ ရက်တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့ အတွက် မီးရူးမီးပန်းဖောက်မှုကြောင့် ဖြစ်နိုင်ကြောင်း သိရသည်။
ယင်း ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိသူမှာ ဝါရှင်တန် ဒီစီမှ နယူးယောက်သို့ လာရောက် လည်ပတ်နေသည့် ဗာဂျီးနီး ယားပြည်နယ် Fairfax မြို့က အသက် ၁၈ နှစ်အရွယ် ကွန်နာ ဂိုးလ်ဒင်းဆိုသူ ဖြစ်ကြောင်း ဒေသဆိုင်ရာ မီဒီယာထံမှ သိရသည်။
မျက်မြင် သက်သေများ၏ အဆိုအရ ဂိုးလ်ဒင်းသည် သူငယ်ချင်း နှစ်ဦးနှင့်အတူ ကျောက်ဆောင်ပေါ်သို့ တက်နေစဉ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဂိုးလ်ဒင်း၏ ခြေထောက်တွင် ဒဏ်ရာ အပြင်းအထန် ရရှိထားပြီး ခြေထောက် ဖြတ်ရနိုင်ခြေ ရှိကြောင်း နယူးယောက် မီးသတ်ဋ္ဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာသည် ပြည်ပ ခရီးသွားများအကြား ကျော်ကြားသည့် နေရာ တစ်ခုဖြစ်ပြီး စင်ထရယ် ဥယျာဉ် တိရစ္ဆာန်ရုံနှင့် အနည်းငယ်သာ ကွာဝေးသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.