Connect with us

North America

နှင်ထုတ်ခံရသည့် မက္ကဆီကို ရွှေ့ပြောင်းသူ တစ်ဦး နယ်စပ် တံတားပေါ်မှ ခုန်ချ သေဆုံး

ပြည်ဝင်ခွင့် ငြင်းပယ်ခံရသဖြင့် တံတားပေါ်မှ ခုန်ချခဲ့သည့် မက္ကဆီကို အမျိုးသားအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မက္ကဆီကို စီးတီး၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံမှ လတ်တလော ပြည်နှင်ဒဏ်ပေးခံရသည့် မက္ကဆီကို နိုင်ငံသား လူငယ် တစ်ဦးသည် နယ်စပ် တံတား တစ်စင်းပေါ်မှ ခုန်ချကာ မိမိကိုယ်ကို သတ်သေခဲ့ကြောင်း မက္ကဆီကို မီဒီယာက ဖေဖော်ဝါရီလ ၂၁ ရက်တွင် သတင်း ရေးသားထားသည်။

အဆိုပါ အမျိုးသားသည် ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယာဂိုမြို့ရှိ San Ysidro နယ်စပ်ဂိတ်မှ မက္ကဆီကိုနိုင်ငံ Tijuana မြို့သို့ ပြန်လည် ဝင်ရောက်ရာ လမ်းရှိ တံတား တစ်စင်းပေါ်မှ ခုန်ချခဲ့ခြင်း ဖြစ်ကြောင်း မက္ကဆီကို နေ့စဉ် သတင်းစာ La Jornada တွင် ဖော်ပြထားသည်။

ယင်း မတော်တဆမှုသည် ၎င်း အမျိုးသား မက္ကဆီကိုနိုင်ငံသို့ ပြန်လာပြီး တစ်နာရီမျှသာအကြာ ဒေသစံတော်ချိန် နံနက် ၉း၀၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အမည်မသိ ယင်း လူငယ်အား ကြက်ခြေနီ ဆေးဘက်ဆိုင်ရာ ကူညီသူများက ဒေသခံ ဆေးရုံသို့ ခေါ်ဆောင်အသွား မိနစ်အနည်းငယ်ကြာပြီးနောက် ၎င်း၏ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း Proceso မဂ္ဂဇင်း၌ ဖော်ပြထားသည်။

အထောက်အထားမဲ့ ရွှေ့ပြောင်းသွားလာသူများအပေါ် အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်၏ နှိမ်နင်းမှုသည် လာမည့် လများအတွင်း သန်းပေါင်းများစွာသော မက္ကဆီကိုနိုင်ငံသားများနှင့် အခြား လက်တင် အမေရိကန်မှ လူများကိုလည်း ပြည်နှင်ဒဏ်ပေးခြင်းများ ဖြစ်လာစေနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.