Connect with us

North America

မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ် “ ထိန်းချုပ်လိုက်ခြင်း” အပေါ် အမေရိကန်ကြိုဆို

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ် နှင့် မြောက်ကိုရီးယားတပ်ဖွဲ့ ဝင်များအား အတူတကွတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၂၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တီလာဆန်က မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားအစီအစဉ် “ အချို့အဆင့်ထိန်းချုပ်မှု” အပေါ် ကြိုဆိုကြောင်း နှင့် အမေရိကန် နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား အနာဂတ်တွင် တွေ့ဆုံဆွေးနွေးမှု ဖြစ်နိုင်ခြေလမ်းကြောင်း တစ်ခုကို မြင်တွေ့နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ကျွန်တော်အနေနဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ထွက်ပေါ်လာသည့် အချိန်ကတည်းက မြောက်ကိုရီးယားနိုင်ငံရဲ့ အစိတ်အပိုင်းကို ရန်စတာ (ဒါမှမဟုတ်) ဒုံးကျည်နဲ့ပစ်တာမျိုး မရှိပါဘူး”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တီလာဆန်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၌ စစ်ရေးပြအခမ်းအနား ပြုလုပ်နေသည့် မြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံသည် တာဝေးပစ်ဒုံးကျည်စမ်းသပ်မှုကို ဆက်လက်လုပ်ကိုင်နေသည့်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက သြဂုတ်လ ၅ ရက်တွင် ၎င်းနိုင်ငံအပေါ် အရေးယူမှုအသစ် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တီလာဆန်က မြောက်ကိုရီးယားနိုင်ငံအနေဖြင့် “ အတိတ်ကာလကမတွေ့ခဲ့ရသော နျူကလီးယား ထိန်းချုပ်မှု အချို့အဆင့်လုပ်ဆောင်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း” ချီးကျူးစကားဆိုခဲ့သည်။

“ သူတို့ရဲ့ တင်းမာနေတဲ့အဆင့်ကို ထိန်းချုပ်ဖို့အသင့်ဖြစ်နေတယ်ဆိုတာကို အစပြုတဲ့လက္ခဏာပဲလို့ကျနော်တို့မျှော်လင့်ပါတယ်။ သူတို့ဟာ ရန်စတဲ့အပြုအမူကို ထိန်းချုပ်ဖို့အသင့်ဖြစ်နေပါတယ်” ဟု တီလာဆန်က ဆိုသည်။

“ မကြာတော့တဲ့အနာဂတ်မှာ ဆွေးနွေးမှုအချို့ကို လုပ်ဆောင်မယ့် လမ်းကြောင်းတွေကို မြင်တွေ့နေရပါပြီ ။ ဒါပေမယ့် သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ပိုပြီးမြင်တွေ့ဖို့လိုပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံ အကြား ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေချိန်မှာပင် တီလာဆန်၏ မှတ်ချက်စကားထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ နှစ်ပတ်ကြာပြုလုပ်မည့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်စစ်သား ၁၇၅ဝဝ နှင့် တောင်ကိုရီးယားစစ်သား ၅ဝဝဝဝ ပါဝင်မည်ဖြစ်သည်။ အဆိုပါ အမေရိကန် နှင့် တောင်ကိုရီးယားနိုင်ငံ၏ ပူးတွဲ စစ်ရေးလေ့ကျင့်မှုသည် ကိုရီးယားကျွန်းဆွယ်အား အကျပ်အတည်း အခြေအနေထဲသို့တွန်းပို့နေခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ပြောကြားထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.