Connect with us

North America

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင်ကင် ထံမှ ပေးပို့သည့်စာ အမေရိကန်သမ္မတ ထရမ့်လက်ခံရရှိ၊ ဒုတိယအကြိမ်အစည်းအဝေးမကြာမီဖြစ်နိုင်ကြောင်းမျှော်လင့်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းအားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းထံမှ အရေးကြီးသည့်စာ ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် လက်ခံရရှိခဲ့ကြောင်း၊ ကင်ဂျုံအန်း နှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲသည် သိပ်မဝေးတော့ သည့် အနာဂတ်တွင် ဖြစ်နိုင်ကြောင်း၊ ဇန်နဝါရီလ၂ ရက် နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကပြောကြားခဲ့သည်။

“ကင်ဂျုံအန်းဆီက အရေးကြီးတဲ့ စာကို လက်ခံရရှိခဲ့ပါတယ်’’ ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အိမ်ဖြူတော်တွင် အစိုးရအဖွဲ့အစည်းအဝေးကာလအတွင်း သတင်းထောက်များကိုပြောကြားခဲ့သည်။

ယခုအချိန်တွင် နောက်ထပ်အစည်းအဝေးတစ်ခု ဖြစ်နိုင်ခြေရှိနေပြီဖြစ်ကြောင်းလည်း ထရမ့်ကပြောကြားခဲ့သည်။ ကင်နှင့် အတူ ဒုတိယအစည်းအဝေး သည် ဇန်နဝါရီ သို့မဟုတ် ဖေဖော်ဝါရီ လတွင် ဖြစ်နိုင်ရန် အလားအလာရှိကြောင်းကိုလည်း ဒီဇင်ဘာလလ အစောပိုင်းတွင် ထရမ့်မှ ထုတ်ဖော်ပြောကြားခဲ့သေးသည်။

မြောက်ကိုရီးယား မှ ကိုရီးယားကျွန်းဆွယ် ၏ နျူကလီးယားကင်းစင်ရေးအပေါ် အပြုသဘောဆောင်သည့် တုံ့ပြန်မှုများ အစဉ်လိုက် ပြုလုပ်ခဲ့ပြီးသည့်နောက်တစ်နေ့တွင် ထရမ့်ကယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။

ကင် ကလည်း ထရမ့်နှင့် အချိန်မရွေးတွေ့ဆုံရန် အဆင်သင့်ဖြစ်ကြောင်း နှင့် နျူကလီးယားကင်းစင်ရေး နှင့် ပတ်သက်၍ တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁ရက် နှစ်သစ်ကူးမိန့်ခွန်း တွင် ပြောကြားခဲ့သည်။

အမေရိကန် ၏ ဆောင်ရွက်မှုများကြောင့် ဖြစ်ပေါ်လာမည့် အခြေအနေပေါ်မူတည်၍ အမေရိကန်နိုင်ငံ နှင့် ဆက်ဆံရေးတည်ဆောက်ရန် ၎င်း၏ ဆုံးဖြတ်ချက်ကို လုပ်ဆောင်နိုင်ရေး ကင်က ဖိအားပေးလျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.