Connect with us

North America

ဖလော်ရီဒါတွင် ဆေးရုံဝန်ထမ်းအား ခြိမ်းခြောက်သည့် လူနာအား ရဲတပ်ဖွဲ့ကပစ်သတ်

အော်လန်ဒိုဒေသဆိုင်ရာဆေးရုံ အနီးသို့ ရောက်ရှိလာသည့် ရဲကားများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် ရှိ အော်လန်ဒိုဒေသဆိုင်ရာဆေးရုံ တွင် အသက် ၂၅နှစ်အရွယ် အမျိုးသားတစ်ဦး သည် ၎င်း၌ သေနတ်ပါရှိကြောင်းပြောဆိုပြီး ဆေးရုံဝန်ထမ်းအား ခြိမ်းခြောက်ခဲ့၍ အမေရိကန်ရဲတပ်ဖွဲ့က အောက်တိုဘာ ၁ ရက်တွင် ပစ်သတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသားအား အောက်တိုဘာ ၁ရက် နံနက် ၆နာရီ ဝန်းကျင်တွင် ဆေးရုံသို့ လူနာအဖြစ် ခေါ်ဆောင်လာကြောင်း အော်လန်ဒိုရဲချုပ် John Mina က သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောကြားခဲ့သည်။

Mina က ယင်းအမျိုးသားအား ကျန်းမားရေးအခြေအနေကြောင့် ဆေးရုံသို့ ခေါ်ဆောင်လာခဲ့ပြီးနောက် တည်ငြိမ်မှုရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဆေးရုံဝန်ထမ်းအား ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကာ အရေးပေါ်အခန်းအား ပိတ်ချခဲ့ရကြောင်း ပြောကြားခဲ့သည်။

တရားခံက ၎င်း၌ သေနတ်ပါရှိကြောင်း နှင့် အနားကပ်လာသူများကို သေနတ်ဖြင့် ပစ်ခတ်မည်ဟု ပြောကြားခဲ့ကြောင်း Mina ကပြောကြားခဲ့သည်။

ဆေးရုံသို့ ရဲတပ်ဖွဲ့ဝင်များကို ခေါ်ယူခဲ့ပြီး အဆိုပါ အမျိုးသား သည် ၎င်းအနားချဉ်းကပ်လာသော ရဲအရာရှိများကို ရန်လိုသည့် အပြုအမူများ ပြုလုပ်ခဲ့ကြောင်း NBC News ကဖော်ပြခဲ့ပြီး ၎င်းသည် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

သတင်းဖော်ပြချက်အရ မည်သည့်လက်နက်မျှ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိသလို တစ်စုံတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.