Connect with us

North America

လုံခြုံရေးဖောက်ထွင်းခံရမှုကြောင့် Facebook သုံးစွဲသူ သန်း ၅၀ ထိခိုက်ခဲ့ဟုဆို

ဖုန်းတစ်လုံးတွင် Facebook Application ဖွင့်ထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံရှိ လူမှုမီဒီယာကြီးတစ်ခုဖြစ်သော Facebook လုံခြုံရေးအဖွဲ့က လွန်ခဲ့သည့်ရက်အနည်းငယ်က တွေ့ရှိခဲ့သော လုံခြုံရေးဖောက်ထွင်းမှုတစ်ခုကြောင့် Facebook သုံးစွဲသူ သန်း ၅၀ အား တိုက်ရိုက်ထိခိုက်နိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။

Facebook တွင် အားနည်းချက်တစ်ခုဖြစ်သည့် သုံးစွဲသူများက ၎င်းတို့၏ ကိုယ်ပိုင်ပရိုဖိုင်းအား အခြားသူများကြည့်ရှုနိုင်ရန် ခွင့်ပြုထားသော “View As” Feature ကို ဟက်ကာများက အသုံးချခဲ့သည်ကို Facebook လုံခြုံရေးအင်ဂျင်နီယာများက စက်တင်ဘာလ ၂၅ ရက်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဟက်ကာများက Login ဒီဂျစ်တယ်ကီးများကို အသုံးပြု ဝင်ရောက်ကာ ခိုးယူခဲ့ပြီး Facebook သုံးစွဲသူများ၏ အကောင့်များကို ထိန်းချုပ်သွားနိုင်ကြောင်း Blog spot တစ်ခုတွင် Facebook က ပြောကြားခဲ့သည်။

ယခုလိုကိစ္စရပ်အား ကုမ္ပဏီအနေဖြင့် မကြုံဖူးကြောင်း ဖော်ပြခဲ့ပြီး လုံခြုံရေးပြဿနာအတွက် ပြင်ဆင်ရန် လုပ်ဆောင်ခဲ့ကြောင်း၊ ဥပဒေထိန်းသိမ်းရေးပိုင်းကိုလည်း သတိပေးထားခဲ့ကြောင်း Facebook ၏ Product Management ဒုတိယဥက္ကဋ္ဌ Guy Rosen က ပြောကြားခဲ့သည်။

Facebook က ယင်းဖြစ်ရပ်အား စတင်စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ သို့သော် ထိုအကောင့်များသည် မှားယွင်းအသုံးပြုခြင်းလား သို့မဟုတ် အခြားအချက်အလက် ဝင်ရောက်ခဲ့ခြင်းလား ဆိုသည်ကိုမူ မဆုံးဖြတ်နိုင်ကြောင်း၊ ဤတိုက်ခိုက်မှုနောက်ကွယ်ရှိသူနှင့် မည်သည့်နေရာတွင် အခြေစိုက်ထားသည်ကို မသိရှိရသေးကြောင်း Rosen က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.