Connect with us

North America

မက္ကဆီကို ပြန်ပေးဆွဲသမား နှစ်ဦးအား ထောင်ဒဏ် အနှစ် ၅၂၀ ချမှတ်

မက္ကဆီကို Heaven ဘား ပြန်ပေးဆွဲမှု အတွင်း သေဆုံးသွားသည့် လူငယ်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မက္ကဆီကို စီးတီး၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ တွင်ဖြစ်ပွားခဲ့သည့် ထိတ်လန့်ဖွယ်အကောင်းဆုံး ပြန်ပေးဆွဲမှုများအနက် လူသတ်ပြန်ပေးဆွဲမှု တစ်ခု တွင် ပါဝင်ခဲ့သည့် လူနှစ်ဦးအား ထောင်ဒဏ် အနှစ် ၅၂၀ ချမှတ်ခဲ့ကြောင်း မီဒီယာ တစ်ခု က ဇူလိုင် ၂၃ တွင် ဖော်ပြခဲ့သည်။

Mario Alberto Rodriguez Ledezma နှင့် Gabriel Carrasco Ilizaliturri တို့သည် ၂၀၁၃ခုနှစ် မေလ တွင် မက္ကဆီကို စီးတီး အလယ်ပိုင်း ခရီးသွား ဒေသ တစ်ခု ရှိ ဘားတစ်ခု၌ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးအပါအဝင် လူ ၁၃ ဦးအား ပြန်ပေးဆွဲမှုတွင် ပါဝင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ၎င်းတို့အား ထောင်ဒဏ် အပြင် ပီဆို ၅သန်း (အမေရိကန်ဒေါ်လာ ၂၇၀,၀၀၀ ခန့်) အား ဒဏ်ငွေအဖြစ်ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
၎င်းတို့သည် အာမခံရရှိမည် မဟုတ်ကြောင်း နှင့် ဒဏ်ငွေမပေးဆောင်နိုင်ပါက ရက်ပေါင်း ၃၉,၀၀၀ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း La Jornada နေ့စဉ် သတင်းစာက ဖော်ပြခဲ့သည်။
Heaven အမည်ရှိ ဘားတွင် လက်နက်ကိုင်ဆောင်သူများက တိုက်ခိုက်ခဲ့ပြီး လူငယ်ပေါင်းများစွာ သေဆုံး ခဲ့ကြောင်း သိရသည်။
အဆိုပါ ရာဇဝတ်မှု နှင့် ဆက်စပ်နေသည့် လူ ၂၂ဦးအား တရားစွဲဆိုထားပြီး ၎င်းတို့အနက် ၈ဦးအား ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ဖြစ်ကြောင်း အွန်လိုင်း မဂ္ဂဇင်းတစ်ခု ဖြစ်သည့် Proceso က ဖော်ပြခဲ့သည်။
ဘားပိုင်ရှင် Ernesto Espinosa Lobo နှင့် အခြား လူ နှစ်ဦးအား ၂၀၁၅ ခုနှစ် စက်တင်ဘာ လ က ထောင်ဒဏ် အနှစ် ၅၀၀ကျော်ချမှတ်ခဲ့ပြီး ဒီဇင်ဘာလတွင် အခြားပြစ်မှုကျူးလွန်သူ နှစ်ဦးကိုလည်း ထောင်ဒဏ် အနှစ် ၅၂၀ ချမှတ်ခဲ့ကြောင်း မဂ္ဂဇင်း ၌ ဖော်ပြခဲ့သည်။
ပျောက်ဆုံးနေသည့် ရုပ်အလောင်းများအား မက္ကဆီကို စီးတီး အနီး မြို့တစ်မြို့ ရှိ လိုဏ်ခေါင်းတစ်ခု အတွင်း ရှာဖွေတွေ့ရှိခဲ့ပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူ တစ်ဦး သေဆုံးခဲ့မှု အပေါ် လက်စားချေသည့် အနေဖြင့် ၎င်းတို့ အား ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း လူအများက ယူဆကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.