Connect with us

North America

အမေရိကန် သမ္မတ နှင့် ပါကစ္စတန် ဝန်ကြီးချုပ်တို့ယခုလကုန်ပိုင်းတွင် တွေ့ဆုံမည်

အမေရိကန် နိုင်ငံရှိ အိမ်ဖြူတော် အဆောက်အဦအား တွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရန့်နှင့် ပါကစ္စတန် နိုင်ငံ ဝန်ကြီးချုပ် အီမရန်ခန်း(Imran Khan) တို့သည် ယခု ဇူလိုင် ၂၂ ရက်တွင် အိမ်ဖြူတော်၌ တွေ့ဆုံကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး နှင့် အခြား ကိစ္စရပ်များအား ဆွေးနွေးသွားမည် ဖြစ်ကြောင်း အိမ်ဖြူတော်မှ ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်သော ကြေညာချက် အရ သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ဒေါ်နယ်ထရန့်နှင့် အီမရန်ခန်း တို့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ၊ ကာကွယ်ရေး ၊ စွမ်းအင် နှင့် ကုန်သွယ်ရေး တို့အပါအဝင် ကိစ္စ အများအပြားကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပါကစ္စတန် နိုင်ငံ ဝန်ကြီးချုပ် အီမရန်ခန်း အတွက် ယခု အမေရိကန် ခရီးစဉ်မှာ ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် ဝန်ကြီးချုပ် ဖြစ်လာပြီးနောက် ပထမဆုံး လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အမေရိကန် နိုင်ငံ နှင့် ပါကစ္စတန် နိုင်ငံတို့သည် အာဖဂန် နစ္စတန် နိုင်ငံ၌ အမေရိကန်တို့၏ စစ်ရေး ကျူးကျော်မှု အပေါ်တွင် သဘောထား ကွဲလွဲမှုများ ရှိနေပြီး ပြီးခဲ့သည့်လတွင် ပါကစ္စတန် နိုင်ငံက အမေရိကန် နိုင်ငံ၏ အပြည်ပြည် ဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့် ဌာနမှ ထုတ်ပြန်သော အစီရင်ခံစာ တစ်ခုအား ပယ်ချခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.