Connect with us

North America

မက္ကဆီကိုတွင် အနိမ့်ပျံသန်းလာသည့် လေယာဉ်တစ်စင်းပေါ်မှ လူသေအလောင်း သုံးလောင်း ပစ်ချခဲ့

မက္ကဆီကို ရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကို စီးတီး၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံမြောက်ပိုင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေသော ပြည်နယ်တစ်ခုဖြစ်သည့် Sinaloa ပြည်နယ်တွင် ဧပြီ ၁၂ ရက် အစောပိုင်းက မြေပြင်နှင့်နီးကပ်စွာပျံသန်းလာသော လေယာဉ်တစ်စီးပေါ်မှ လူသေအလောင်း သုံးလောင်းပစ်ချခဲ့ကြောင်း သိရသည်။

အသက်မသေခင် ညှင်းပမ်းနှိပ်စက်ခံထားရသည့် လူသေအလောင်း သုံးလောင်းကို လေယာဉ်ငယ်တစ်စီးက Eldorado မြို့ နှင့် Sinaloa မြို့တို့၏ မတူညီသည့် နေရာသုံးခုတွင် ပစ်ချခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်ကို Milenio နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။ရဲတပ်ဖွဲ့၏ပြောကြားချက်အရ ဒေသစံတော်ချိန် နံနက် ရး၀၀နာရီ ဝန်းကျင်တွင် မြေပြင်နှင့်နီးကပ်စွာ ပျံသန်းလာသည့် လေယာဉ်တစ်စင်းပေါ်မှ လူသေအလောင်းများပစ်ချခဲ့သည်ဟု ဒေသခံများက သတင်းပေးပို့ခဲ့ကြောင်း သိရသည်။

ရုပ်အလောင်းတစ်လောင်းစီကို မတူညီသည့် နေရာတစ်ခုစီတွင် တွေ့ရှိခဲ့ရပြီး တတိယမြောက်ရုပ်အလောင်းကို ဒေသတွင်းလူမှုလုံခြုံရေးရုံး ခေါင်မိုးပေါ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။မက္ကဆီကိုနိုင်ငံရှိ ရာဇဝတ်ဂိုဏ်းများသည် တစ်ခါတစ်ရံ ၎င်းတို့သတ်ဖြတ်ခဲ့သူများကို တံတားပေါ်မှ ကြိုးဆွဲချထားခြင်း၊ လမ်းမပေါ်၌ ပစ်ထားခဲ့ခြင်း စသည့်ဖြင့် လူမြင်ကွင်းများ၌ ထားရှိကာ ပြိုင်ဘက်ဂိုဏ်းများအား သတိပေးလေ့ရှိသော်လည်း ယခုကဲ့သို့ လေယာဉ်ပေါ်မှ ပစ်ချခြင်းသည့် ပထမဆုံးဖြစ်ကြောင်း သိရသည်။ (Xinhua)