Connect with us

North America

မက္ကဆီကိုတွင် ဓါတ်ငွေ့တင်ယာဉ် နှင့် ခရီးသည်ယာဉ် တို့ တိုက်မိမှုကြောင့် သေဆုံးသူ ၂၄ဦးရှိလာ


မက္ကဆီကို စီးတီး၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံတောင်ပိုင်းတွင် ဧပြီ ၁၃ ရက်က ဓါတ်ငွေ့တင်ယာဉ်တစ်စီး နှင့် ခရီးသည်တင်ယာဉ်တစ်စီးတို့ ခေါင်းချင်းဆိုင်တိုက်မိမှုကြောင့် သေဆုံးသူ ဦးရေ ၂၄ဦးရှိလာပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဆင်ဟွာသို့ပြောကြားခဲ့သည်။

ယာဉ်တိုက်မှုဖြစ်ပွားချိန်၌ ဓါတ်ငွေ့တင်ယာဉ်အတွင်း လောင်စာဓါတ်ငွေ့အရည်များ အပြည့်ရှိနေ၍ မိနစ်ပိုင်းအတွင်း မီးလောင်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ယာဉ်တိုက်မှုသည် ပစိဖိတ်ဆိပ်ကမ်းတစ်ခုဖြစ်သည့် Lazaro Cardenas ဆိပ်ကမ်းအနီး Petacalco မြို့ရှိ အဝေးပြေးလမ်းမပေါ်တွင် နံနက် ၆း၃၀ နာရီမတိုင်ခင် က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် မီးလောင်ပေါက်ကွဲသွားသည့် ဓါတ်ငွေ့တင်ယာဉ် နှင့် ခရီးသည်ယာဉ် တို့အားတွေ့ရစဉ် (ဆင်ဟွာ)

ယာဉ်တိုက်မှုကြောင့် မီးလောင်ပေါက်ကွဲသွားသည့် ဓါတ်ငွေ့တင်ယာဉ် နှင့် ခရီးသည်ယာဉ် တို့အားတွေ့ရစဉ် (ဆင်ဟွာ)

ယာဉ်တိုက်မှုကြောင့် မီးလောင်ပေါက်ကွဲသွားသည့် ဓါတ်ငွေ့တင်ယာဉ် နှင့် ခရီးသည်ယာဉ် တို့အားတွေ့ရစဉ် (ဆင်ဟွာ)

ယာဉ်နှစ်စီး မှ ကားမောင်းသူနှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း သိရသည်။ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူ ၉ဦးမှာ အသက် ၃နှစ်မှ ၅၆နှစ်အတွင်းဖြစ်ပြီး ၎င်းတို့အား Lazaro Cardenas မြို့ရှိ ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။ယာဉ်တိုက်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)