Connect with us

North America

အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ဦးနှောက်ကင်ဆာဖြစ်နေဟုဆို

အမေရိကန်နိုင်ငံ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) သည် ဦးနှောက်ကင်ဆာရောဂါ ဖြစ်နေသည်ကို တွေ့ရှိရကြောင်း ဇူလိုင်လ ၁၉ ရက်က ဆေးရုံ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အသက် ၈၀ နှစ်အရွယ်ရှိပြီဖြစ်သော ရီပက်ဘလစ်ကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းအား ဇူလိုင်လ ၁၄ ရက် ညနေပိုင်းက Phoenix မြို့တွင် ၎င်း၏ ဘယ်ဘက် မျက်လုံး အပေါ်နားမှ သွေးခဲအား ခွဲထုတ်ခဲ့ပြီးနောက် ဦးနှောက်ကင်ဆာ ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

“နောက်ဆက်တွဲ ဖော်ထုတ်တွေ့ရှိချက်အရ သွေးခဲနဲ့အတူ ပေါင်းနေတဲ့ Glioblastoma ဟုခေါ်တဲ့ မူလ ဦးနှောက် အသားပိုကို တွေ့ခဲ့ရတယ်” ဟု Mayo Clinic ဆေးရုံက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

မက်ကိန်းနှင့် ၎င်း၏ မိသားစုက ဓာတုကုထုံးနှင့် ဓာတ်ကင်ခြင်း ပေါင်းစပ်ကုထုံး အပါအဝင် အခြား ကုသမှု နည်းလမ်းများအား ပြန်လည်သုံးသပ်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်တွင် ဖော်ပြထားသည်။

၎င်း၏ ရုံးမှ ထုတ်ပြန်လိုက်သည့် အခြား သတင်းထုတ်ပြန်ချက် တစ်စောင်တွင်မူ မက်ကိန်းမှာ ဇူလိုင်လ ၁၄ ရက်က ပြုလုပ်ခဲ့သည့် ခွဲစိတ်မှုကြောင့် ပြန်လည် နလန်ထူရန် နေအိမ်၌ အနားယူနေကြောင်း၊ မက်ကိန်း၏ စိတ်အခြေအနေမှာ ကောင်းမွန်နေကြောင်းနှင့် အခြား ကုသမှုများမှာလည်း ထိရောက်မှုရှိလိမ့်မည်ဟု ယုံကြည်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.