Connect with us

North America

မက္ကဆီကို နိုင်ငံ ကျောင်းဝင်း တစ်ခု အတွင်း သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ၁ ဦး သေဆုံး ၄ ဦး ဒဏ်ရာရရှိ

မက္ကဆီကို နိုင်ငံ တွင် သေနတ် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့သည့် ကျောင်းအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကို ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ Nuevo Leon ပြည်နယ် ၏ မြို့တော် ဖြစ်သည့် Monterrey မြို့ရှိ ကျောင်း တစ်ကျောင်း တွင် ဇန်နဝါရီ ၁၈ ရက်နေ့က သေနတ် ပစ်ခတ် တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင် ကျောင်းသား တစ်ဦး မှ ကျောင်းဆရာ တစ်ဦး နှင့် ကျောင်းသား ၃ ဦးကို သေနတ် ဖြင့်ပစ်ခတ် တိုက်ခိုက်ပြီးနောက်တွင် မိမိ ကိုယ်ကိုယ် အဆုံးစီရင် ခဲ့ကြောင်း သိရှိရသည်။

မက္ကဆီကို သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ကျောင်းတွင် CCTV မှတစ်ဆင့် ကျောင်းသား တစ်ဦး သည် စာသင်ကြားနေစဉ် အတွင်း ရုတ်တရက် သေနတ် ထုတ်၍ ရှေ့တွင် ရှိသော ကျောင်းသား တစ်ဦးကို ပစ်ခတ်ခဲ့ပြီး ကျောင်းဆရာ နှင့် ကျောင်းသား ၂ ဦး ကို ထပ်မံပစ်ခတ်ကာ မိမိ ကိုယ်ကိုယ် အဆုံးစီရင် ခဲ့သည် ကို တွေ့ရှိရကြောင်း ဖော်ပြ ခဲ့သည်။

Nuevo Leon ပြည်နယ် အစိုးရ ၏ ထုတ်ပြန်ချက်အရ သေနတ် ဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့သည့် ကျောင်းသား သည် အသက် ၁၅ နှစ်အရွယ် ရှိပြီး မိမိ ကိုယ်ကိုယ် အဆုံးစီရင် ခဲ့ပြီးနောက်တွင် ဆေးရုံ သို့ ကုသမှု ပြုလုပ်ရန် ပို့ဆောင်ခဲ့သော်လည်း ကယ်တင်နိုင်ခြင်းမရှိဘဲ သေဆုံး ခဲ့ကြောင်း ၊ အသက် ၂၄ နှစ်အရွယ် ကျောင်းဆရာ နှင့် အသက် ၁၄ နှစ်အရွယ် ကျောင်းသား ၂ ဦးသည် ဦးခေါင်းပိုင်းအား ပစ်ခတ်ခံရပြီး ဒဏ်ရာအလွန်ပြင်းထန်ကာ ကျန် ၁၅ နှစ်အရွယ် ကျောင်းသား တစ်ဦးမှာလည်း လက်မောင်း ကို ပစ်ခတ် ခံရကြောင်း ထုတ်ပြန် ခဲ့သည်။

မီဒီယာ များ၏ ဖော်ပြချက်အရ သေနတ် ပစ်ခတ် ခဲ့သည့် ကျောင်းသား သည် စိတ်ဝေဒနာ ခံစားနေရကြောင်း သံသယ ရှိပြီး စိတ်ပိုင်းဆိုင်ရာ ဆေးဝါကုသမှု ခံယူနေကြောင်း ဖော်ပြခဲ့သည်။

ယခု ဖြစ်ပွားခဲ့သည့် သေနတ် ပစ်ခတ်မှု သည် မက္ကဆီကို နိုင်ငံ တွင် ၃ ရက်အတွင်း ဖြစ်ပွားသည့် တတိယ အကြိမ်မြောက် သေနတ် ပစ်ခတ်မှု ဖြစ်သည်။ ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက မက္ကဆီကို နိုင်ငံ Cancun မြို့ အနီးရှိ ခရီးသွားဧည့်သည်များ သွားလာသည့် နေရာဖြစ်သောPlaya del Carmen မြို့ရှိ ကလပ် တစ်ခု တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပြီး ၅ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိ ခဲ့သည်။ ဇန်နဝါရီ ၁၇ ရက်နေ့ တွင်လည်း မက္ကဆီကို နိုင်ငံ Cancun မြို့ ရှိ Quintana Roo ပြည်နယ် တရားရှေ့နေရုံး တစ်ရုံးတွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပြီး သေနတ် ပစ်ခတ်သူ အပါအဝင် ၃ ဦးသေဆုံး ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.