Connect with us

North America

မက္ကဆီကို နိုင်ငံ ရှိ တရားရှေ့နေရုံး တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး ၃ ဦးသေဆုံး

မက္ကဆီကို နိုင်ငံ Cancun မြို့ အနီးရှိ Playa del Carmen မြို့ကလပ် တစ်ခု တွင် သေနတ် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့စဉ်(ဆင်ဟွာ)

မက္ကဆီကို ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ Cancun မြို့ ရှိ Quintana Roo ပြည်နယ် တရားရှေ့နေရုံး တစ်ရုံးတွင် ဇန်နဝါရီ ၁၇ ရက်နေ့က သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပြီး လက်ရှိချိန်တွင် သေနတ် ပစ်ခတ်သူ အပါအဝင် အနည်းဆုံး ၃ ဦးသေဆုံး ခဲ့ကြောင်း သိရှိရသည်။

ဒေသတွင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် သေနတ် နှင့် အခြား လက်နက်များ ကိုင်ဆောင်ထားသည့် အဖွဲ့တစ်ဖွဲ့သည် Cancun မြို့လယ်ရှိ တရားရှေ့နေရုံး ကိုရောက်ရှိလာပြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့မှ ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ လက်ရှိချိန်တွင် ဝန်ထမ်း ၂ ဦး နှင့် တိုက်ခိုက်သူ တစ်ဦး သေဆုံး ခဲ့ပြီး တိုက်ခိုက်သူ အဖွဲ့မှ ၃ ဦးကို လည်း ဖမ်းဆီး ထားကြောင်း သိရှိရသည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ ယခုဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှု တွင် တိုက်ခိုက်ခဲ့သည့် အဖွဲ့သည် အဖွဲ့ဝင် ၁၀ ဦးခန့် ပါဝင်ခဲ့ပြီး လက်ရှိချိန်တွင် ရဲတပ်ဖွဲ့အနေဖြင့် Cancun မြို့အား အရေးပေါ် အခြေအနေ အဖြစ် ကြေညာ ထားကြောင်း သိရှိရသည်။

မက္ကဆီကို နိုင်ငံ Cancun မြို့ အနီးရှိ ခရီးသွားဧည့်သည်များ သွားလာသည့် နေရာဖြစ်သည့် Playa del Carmen မြို့ရှိ ကလပ် တစ်ခု တွင်လည်း ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပြီး ၅ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.