Connect with us

North America

ဝါရှင်တန်ရှိ အထက်တန်းကျောင်းတစ်ခု၌ သေနတ်ပစ်ခတ်မှုဖြစ်ပွား ၁ ဦးသေ ၊ ၄ ဦးဒဏ်ရာရ

သေနတ်ပစ်ခတ်မှုဖြစ်ပွားသော Freeman အထက်တန်းကျောင်းအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆန်ဖရန်စစ္စကို ၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်း ဝါရှင်တန်ပြည်နယ်ရှိ အထက်တန်းကျောင်း တစ်ခု၌ စက်တင်ဘာလ ၁၃ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ ကျောင်းသား တစ်ဦးသေဆုံးပြီး အခြား လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဝါရှင်တန်ပြည်နယ်အရှေ့ပိုင်း ၊ Spokane ခရိုင် ၊ Rockford မြို့ရှိ Freeman အထက်တန်းကျောင်းတွင် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နောက်တစ်နာရီအကြာတွင် Spokane ခရိုင်ရဲတပ်ဖွဲ့ရုံး၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်တွင် “ Freeman ကျောင်းမှာ ပစ်ခတ်မှုဖြစ်ပွား ၊ လူတစ်ဦးကို ဖမ်းဆီးထား” ဟူ၍ ရေးသားဖော်ပြခဲ့သည်။

“ သေနတ်သမားကို ရဲကားရဲ့ နောက်ခန်းထဲမှာ ထိန်းသိမ်းထားပါတယ်” ဟု ခရိုင်ရဲမှူး Ozzie Knezovich ၏ ပြောကြားချက်ကို ကိုးကား၍ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ၏ အဆိုကို Spokane ခရိုင် အခြေစိုက် နေ့စဉ်သတင်းစာတစ်စောင်က ဖော်ပြခဲ့သည်။

သို့သော် သေနတ်သမားမှာ ကျောင်းသားပေါင်း ၃ဝဝ ကျော် နှင့် ဝန်ထမ်းပေါင်း ၂ဝ ကျော်ရှိသည့် အဆိုပါ အထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦးဖြစ်ကြောင်း သတင်းစာက ရေးသား ဖော်ပြခဲ့သော်လည်း လူသေဆုံးမှု နှင့်ဒဏ်ရာရမှုများ ဖြစ်ပေါ်စေခဲ့သည့် ပစ်ခတ်မှု၏ သံသယတရားခံကို အာဏာပိုင်များက ထုတ်ဖော်ခဲ့ခြင်းမရှိပေ။

Spokane ခရိုင် ဆေးကုသရေးဌာန နှင့် ကလေးသူငယ်ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားရာတွင် ဒဏ်ရာရသူ သုံးဦးမှာ ပုံမှန်အခြေအနေတွင် ရှိနေကြောင်း သိရသည်။

ဝါရှင်တန်ပြည်နယ် အုပ်ချုပ်ရေးမှူး Jay Inslee က Freeman အထက်တန်းကျောင်းပစ်ခတ်မှု နှင့်ပတ်သက်၍ ကြေကွဲရပါကြောင်း ၊ ဝါရှင်တန်ပြည်သူများအားလုံး သေဆုံးသူများ နှင့် မိသားစုဝင်များအကြောင်းကို စဉ်စားနေကြကြောင်း တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။

Freeman အထက်တန်းကျောင်းကို စက်တင်ဘာလ ၁၄ ရက်တွင် ပြန်လည်ဖွင့်မဖွင့်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း နှင့် စက်တင်ဘာလ ၁၃ ရက် မွန်းလွဲပိုင်းက ရုံးချိန်အတွင်း ဖုန်းဆက်၍ စုံစမ်းမေးမြန်းခဲ့သော်လည်း သက်ဆိုင်ရာမှ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.