Connect with us

North America

မက္ကဆီကို နိုင်ငံ မြို့တော် တွင် မူးယစ်ဆေးဝါး နှိမ်နင်းရေး ဆောင်ရွက်ရာ လက်နက်ကိုင် တပ်ဖွဲ့ က မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၈ ဦး ကို ပစ်ခတ်ရှင်းလင်း

မက္ကဆီကို နိုင်ငံ စစ်ဘက်ဆိုင်ရာ လက်နက်ကိုင် တပ်ဖွဲ့ဝင် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ စစ်ဘက်ဆိုင်ရာ က ဇူလိုင်လ ၂၀ ရက်၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ယင်းနေ့တွင် စစ်ဘက်ဆိုင်ရာ လက်နက်ကိုင် တပ်ဖွဲ့ အနေဖြင့် မြို့တော် မက္ကဆီကို စီးတီး တွင် မူးယစ်ဆေးဝါး နှိမ်နင်းရေး ဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၈ ဦးကို ပစ်ခတ်ရှင်းလင်း ခဲ့ကြောင်း ပါဝင် ခဲ့သည်။

ထုတ်ပြန်ချက်တွင် လက်နက်ကိုင် တပ်ဖွဲ့ က သတင်းပေးပို့ချက် ကို ရရှိခဲ့ပြီး နောက်တွင် မက္ကဆီကို စီးတီး အရှေ့တောင်ပိုင်း ဒေသတွင် မူးယစ်ဆေးဝါး အဖွဲ့အစည်း တို့လုပ်ရှားမှု အခြေအနေ ကို တွေ့ရှိခဲ့ရကြောင်း ၊ ထို့နောက်တွင် နေ့လယ်ပိုင်း အချိန်တွင် မူးယစ်ဆေးဝါး နှိမ်နင်းရေး ဆောင်ရွက်မှု များ စတင်ပြုလုပ်ခဲ့ရာ ပစ်ခတ်တိုက်ခိုက်မှု များဖြစ်ပွား ခဲ့ကြောင်း ၊ လက်နက်ကိုင် တပ်ဖွဲ့ အနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်ရေး အဖွဲ့အစည်း ခေါင်းဆောင် အပါအဝင် ၈ ဦး ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး လက်နက် အများအပြား ကိုလည်း သိမ်းဆည်း နိုင်ခဲ့ကြောင်း ပါဝင် ခဲ့သည်။

အခင်းဖြစ်ပွားသည့် နေ့ ညနေပိုင်း အချိန်တွင် အခင်းဖြစ်ပွားရာ နေရာ အနီးတွင် ဘတ်စ်ကား နှစ်စင်း နှင့် ကုန်တင်ကား တစ်စင်း တို့ မီးရှို့ ခံခဲ့ရပြီး လက်ရှိချိန်တွင် တူညီသည့် အဖွဲ့အစည်း တစ်ခုတည်း မှ ဆောင်ရွက် ခဲ့သည့် ပြစ်မှု ဟုတ်မဟုတ် ကို စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.