Connect with us

North America

တရုတ်နှင့် အမေရိကန်အကြား မတူကွဲပြားမှုများကြားမှ ပူးပေါင်းဆောင်ရွက်ရန် တရုတ် ဒုတိယဝန်ကြီးချုပ် တိုက်တွန်းပြောကြား

တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ဝမ်ယန် (အလယ်)၊ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး စတီဗင်မြူချင်း (ဝဲ) နှင့် အမေရိကန်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝီလ်ဘာရော့စ် (ယာ) တို့အား ဇူလိုင် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် မတူကွဲပြားမှုများကို ထိပ်တိုက်ရင်ဆိုင်နေမည့်အစား ပူးပေါင်းဆောင်ရွက်ရန်အတွက် တရုတ် ဒုတိယ ဝန်ကြီးချုပ် ဝမ်ယန် (Wang Yang) က ဇူလိုင်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

“တရုတ်နဲ့ အမေရိကန်တို့ဟာ အကြီးမားဆုံး အပြန်အလှန် ကုန်သွယ်ဖက်တွေဖြစ်သလို ရင်းနှီးမြှုပ်နှံမှုအတွက် အရေးကြီးတဲ့ အရင်းအမြစ်တွေလဲ ဖြစ်ပါတယ်၊ ပူးပေါင်းဆောင်ရွက်ခြင်းကသာ နှစ်နိုင်ငံလုံးအတွက် လက်တွေ့ကျတဲ့ ရွေးချယ်မှု ဖြစ်တယ်” ဟု ဇူလိုင်လ ၁၉ ရက်က အမေရိကန်နိုင်ငံ ဝါရှင်တန်တွင် ပြုလုပ်သော ပထမအကြိမ် တရုတ်-အမေရိကန် ကျယ်ပြန့်သော စီးပွားရေးဆွေးနွေးပွဲ အဖွင့်အမှာစကားတွင် ဝမ်က ပြောကြားခဲ့သည်။

“အပြန်အလှန် ဆွေးနွေးခြင်းက မတူကွဲပြားမှုတွေ အားလုံးကို ချက်ချင်း ရင်ဆိုင်ပေးနိုင်မှာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်းကတော့ နှစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားတွေကို ချက်ချင်း ပျက်စီးစေမှာ ဖြစ်တယ်” ဝမ်က ဆိုသည်။

တရုတ်နှင့် အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်ခြင်းက နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းများနှင့် ပြည်သူများကိုသာ အကျိုးရှိစေမည် မဟုတ်ဘဲ ကမ္ဘာကြီး တစ်ခုလုံးအတွက်ပါ အကျိုးရှိစေမည် ဖြစ်ကြောင်း ဝမ်က မှတ်ချက်ပြု ပြောကြားခဲ့သည်။

တစ်ရက်ကြာ ပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲ၌ နှစ်နိုင်ငံ အပြန်အလှန် နားလည်ခြင်း၊ အပြန်အလှန် ယုံကြည်မှုနှင့် သဘောတူမှု တိုးမြှင့်စေမည် ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးချုပ်က ဆိုသည်။

ပထမအကြိမ် တရုတ်-အမေရိကန် ကျယ်ပြန့်သော စီးပွားရေးဆွေးနွေးပွဲတွင် ဒုတိယ ဝန်ကြီးချုပ် ဝမ်က အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗင်မြူချင်း (Steven Mnuchin) စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး ဝီလ်ဘာရော့စ် (Wilbur Ross) တို့နှင့်အတူ ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို ဆွေးနွေးပွဲတွင် စီးပွားရေးကိစ္စရပ် အမျိုးမျိုးနှင့် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် ကာလရှည်နှင့် အရေးပါသော မဟာဗျူဟာအကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.