Connect with us

North America

အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး က ဆော်ဒီ ဦးဆောင်သည့် နိုင်ငံ ၄ နိုင်ငံ မှ ကာတာ နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှု ကို ဖယ်ရှားပေးရန် တိုက်တွန်း

အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Tillerson အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Tillerson က ကာတာ နိုင်ငံ သည် လက်ရှိ အချိန်တွင် အကြမ်းဖက်မှု နှိမ်နင်းရေး တွင် တက်ကြွစွာ ဆောင်ရွက်ခဲ့သည့် လုပ်ဆောင်မှု များကို ပြုလုပ်ပြီး ဖြစ်သည့် အတွက် ဆော်ဒီ ဦးဆောင်သည့် နိုင်ငံ ၄ နိုင်ငံ တို့မှ ကာတာ နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှု ကို အမြန်ဆုံး ဖယ်ရှားပေးရန် မျှော်လင့် ကြောင်း ဇူလိုင်လ ၂၁ ရက်နေ့ ၌ ပြောကြား ခဲ့သည်။

Tillerson က အလည်အပတ် ခရီးရောက်ရှိလာသည့် အိုမန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Alawi နှင့် တွေ့ဆုံခဲ့ပြီး အတူတကွ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ခဲ့ရာတွင် ကာတာ နိုင်ငံ သည် အမေရိကန် နိုင်ငံ နှင့် ချုပ်ဆိုထားသည့် အကြမ်းဖက်မှု နှိမ်နင်းရေး နားလည်မှု စာချွန်လွှာ ကို တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပြီး ဆော်ဒီ ဦးဆောင်သည့် ၄ နိုင်ငံ နှင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက် လိုသော စိတ်ဆန္ဒ ရှိသည် ကို တွေ့ရှိခဲ့ရကြောင်း ပြောကြား ခဲ့သည်။

Tillerson က နိုင်ငံ ၄ နိုင်ငံ မှ ကာတာ နိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမှု ဆောင်ရွက် ခဲ့သောကြောင့် ကာတာ နိုင်ငံသားများ လူနေမှု ဘဝ ကို မကောင်းမွန်သည့် သက်ရောက်မှု များဖြစ်ပွား စေခဲ့ပြီး နိုင်ငံ ၄ နိုင်ငံ မှ ကာတာ နိုင်ငံ အပေါ် ပိတ်ဆို့မှု ကို ဖယ်ရှားရန် စဉ်းစားပေး စေလိုကြောင်း ပြောကြား ခဲ့သည်။

ဆော်ဒီအာရေဗျ ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု ၊ ဘာရိန်း နှင့် အီဂျစ် နိုင်ငံ ၄ နိုင်ငံ တို့သည် ကာတာ နိုင်ငံ အား အကြမ်းဖက်မှု ကို ထောက်ခံခြင်း နှင့် ဒေသတွင်း လုံခြုံရေး ကို ထောက်ခံခြင်း ဟူသည့် အကြောင်း ပြချက်ဖြင့် ဇွန်လ ၅ ရက်နေ့၌ ကာတာ နိုင်ငံ နှင့် သံတမန် ဆက်ဆံရေး ဖြတ်တောက် ခဲ့ကြသည်။ဇွန်လ ၂၃ ရက်နေ့၌ နိုင်ငံ ၄ နိုင်ငံ က ကာတာ နိုင်ငံ အား အခက်အခဲ ဖြေရှင်းရန် တောင်းဆိုချက် ၁၃ ချက် ကို ပေးပို့ ခဲ့သည်။

ဇူလိုင်လ ၅ ရက်နေ့၌ နိုင်ငံ ၄ နိုင်ငံ၏ ပူးတွဲကြေညာချက်တွင် ကာတာ နိုင်ငံ ၏ တောင်းဆိုချက် ၁၃ ချက် အပေါ် တုံ့ပြန်မှု သည် စိတ်ကျေနပ်စရာ မရှိကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ ဇူလိုင်လ ၁၁ ရက်နေ့ ၌ ကာတာနိုင်ငံ နှင့် အမေရိကန် နိုင်ငံ တို့သည် အကြမ်းဖတ်မှု နှိမ်နင်းရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ ကို ရေးထိုးခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.